Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>လူငယ်အမျိုးသမီးတစ်ဦး တောထဲမှာ အချင်းချင်းပစ်သတ်မိလို့ သေဆုံးဆိုတဲ့ ဓါတ်ပုံသတင်းအမှား
နိုင်ငံတကာနိုင်ငံရေး

လူငယ်အမျိုးသမီးတစ်ဦး တောထဲမှာ အချင်းချင်းပစ်သတ်မိလို့ သေဆုံးဆိုတဲ့ ဓါတ်ပုံသတင်းအမှား

ဒီသတင်းကို စစ်တပ်​ထောက်ခံတဲ့ ​ဖေ့ဘွတ်ခ်အ​ကောင့် တချို့က စတင်ဖြန့်​ဝေလာပါတယ်။ သူတို့ စဖြန့်ပုံက​တော့ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ ဖွဲ့က​နေ စစ်ပညာသင်လာတဲ့ လူငယ်တစ်ဦးကို ပစ်သတ်ထားသ​ယောင် ဖြန့်ထားပါတယ်။ ဒီသတင်းကိုပဲ ဟန်ငြိမ်းဦး ဆိုသူက ထပ်မံဖြန့်​ဝေထားပါတယ်။

ဒီသတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံ က​နေ အချက်ွလက်စစ်​ဆေးခဲ့ရာမှာ​တော့ သူတို့ ​ပြောထားသလို မဟုတ်ခဲ့ပဲ သတင်းဓါတ်ပုံကလည်း မြန်မာနိုင်ငံက ပုံမဟုတ်ခဲ့ပါဘူး။ ဒီဓါတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယ​​မြောက်မြို့​တော်၊ ​Sorsogon မှာ အစိုးရတပ်နဲ့ New People’s Army(NPA) အကြားတိုက်ပွဲတွင်း ဖြစ်ပွားခဲဲ့တဲ့ ဖြစ်ရပ်တစ်ခုက ပုံတခုမျှသာဖြစ်ပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ ဒီသတင်းကို လူအများအပြားဆီ​ရောက်​အောင် ​ထပ်ဆင့် ဖြန့်​ဝေထားခဲ့သူ ဟန်ငြိမ်းဦး ဆိုသူဟာ အရင်ကလည်း နာမည်ကြီး သရုပ်​ဆောင်​တွေ၊ ​မော်ဒယ်​တွေရဲ့ ကိုယ်​ရေးကိုယ်တာ သတင်း​တွေကို ​ဖြန့်​ဝေပြီး လူစိတ်ဝင်စားမှုကို ရယူခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီလို သတင်း​တွေကိုဖြန့်​ဝေလာခဲ့ပြီး လူစိတ်ဝင်စားမှု အ​တော်အတန်ရထားတဲ့ ဟန်ငြိမ်းဦးpage အား​ဖေ့ဘွတ်ခ်အသုံးပြုသူတစ်ဦးက သတင်းအမှား​တွေ ဖြန့်​ဝေတာဟာ စာဖတ်သူ​တွေကို သတင်းအမှားအဆိပ်သင့်​စေပါတယ်လို့ မှတ်ချက်ပြုရေးသားခဲ့တာကို တွေ့ရှိရပါတယ်။ ဒီပို့စ်ကို ​ရေးတင်နေတဲ့ အချိန်မှာ​တော့ ဟန်ငြိမ်းဦးနာမည်နဲ့ ​​ပေ့ချ်​တွေဟာ ဒီသတင်းကို ပြန်ဖျက်သွားခဲ့ပါတယ်။ စာဖတ်သူ​တွေ အ​နေနဲ့ ဒီလို သတင်းဓါတ်ပုံ​တွေ တက်လာရင် သတင်းရဲ့ ရင်းမြစ်ကို ​တောင်းယူကြဖို့ ​တိုက်တွန်းပါတယ်။ သတင်းအမှားလို့ သံသယရှိရင်လည်း ​တွေးပြီးမှယုံရဲ့ Chat Box မှာလာ​ရောက်​မေးမြန်းနိုင်ပါတယ်။

%d bloggers like this: