Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အလုံအမှတ်(၄)​ကျောင်း ဗုံး​​​ပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး အာဏာသိမ်းစစ်​ကောင်စီက​နေ စွပ်စွဲဖမ်းဆီးခံထားရသူ သေဒဏ်ချမှတ်ခံရတယ်ဆိုတာ သတင်းအမှားပါ
နိုင်ငံရေး

အလုံအမှတ်(၄)​ကျောင်း ဗုံး​​​ပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး အာဏာသိမ်းစစ်​ကောင်စီက​နေ စွပ်စွဲဖမ်းဆီးခံထားရသူ သေဒဏ်ချမှတ်ခံရတယ်ဆိုတာ သတင်းအမှားပါ

မေ ၂၄ရက်နေ့ (ဒီနေ့) မှာပဲ အလုံအမှတ်(၄)ကျောင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အနီးမှာရှိတဲ့ ပြည်သူအချို့ကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးပြီးတဲ့အချိန်ကနေ အခုထိ ဖမ်းဆီးခံရတဲ့ အမျိုးသား ၄ယောက်ရဲ့ သတင်းတွေဟာ လူမှုကွန်ရက်ပေါ် သို့ ဓာတ်ပုံနဲ့တကွ ပြန်နှံ့လာခဲ့ပါတယ်။ အမျိုးသား ၄ယောက်အနက်မှ ကိုထက်အောင်ခိုင်စိုး ပုံမှာ ပို၍ ပြန့်နှံ့​နေပြီး ပုံနှင့်အတူ သေဒဏ်ချမှတ်ခံလိုက်ရကြောင်းကို Facebook သုံးစွဲသူ အတော်များများ ဖြန့်ဝေလာကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တွေးပြီးမှ ယုံက အချက်အလက်စစ်ဆေးခဲ့ရာရာ ကာယကံရှင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းမှားဖြစ်ကြောင်း အတည်ပြုထားတာတာကိုတွေ့ရှိခဲ့ရပါတယ်။ သေဒဏ်ဆိုတဲ့သတင်းကို ဖြန့်ဝေမိခဲ့တဲ့ Facebook သုံးစွဲသူတစ်ချို့ကလည်း သူတို့ဖြန့်ဝေမိလိုက်တဲ့ သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း ပြန်လည်ပြီး တင်ပေးထားပါတယ်။

အခုလိုမျိုး ရင်းမြစ်ကို ​ဖော်ပြမထားတဲ့ သတင်း​တွေဟာ မကြာခဏဆိုသလို ပျံ့နှံ့​နေပါတယ်။ ဒီလိုစိုးရိမ်ဖွယ်ရာ သတင်း​တွေတက်လာတိုင်း စိုးရိမ်စိတ်နဲ့အတူ လူတချို့က သတင်းကို မှန်မမှန် မစစ်ဆေးနိုင်တော့ပဲ မျှဝေမိသွားနိုင်ပါတယ်။ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့မီဒီယာတွေဆီက စောင့်စားဖတ်ရှုသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: