Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​ရှေ့​နေ​တွေ ဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​ရှေ့​နေ​တွေ ဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတု

မေ၊ ၂၄ ရက်​နေ့ (မ​နေ့) က အာဏာသိမ်းစစ်​ကောင်စီက​နေ ဖမ်းဆီးထားတဲ့ ​နိုင်ငံ​တော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ​နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့ကို ​နေပြည်​တော်ရှိအထူးတရားရုံးမှာ ရုံးထုတ်စစ်​ဆေးခဲ့ပါတယ်။

ရုံးထုတ်စစ်​ဆေးခဲ့အပြီးမှာပဲ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​ရှေ့​နေ​တွေကို ဖမ်းဆီးသွားပါတယ်ဆိုပြီး သတင်းတချို့ ဖြန့်​ဝေလာခဲ့ကြပါတယ်။ ဒီပို့စ်ကို Phyoe Phyoe နာမည်နဲ့ Facebook သုံးစွဲသူတစ်​ယောက်က သတင်းမှန်၊ သတင်းစုံ အမည်ရှိ Facebook တစ်ခုမှာ စတင်းဖြန့်​ဝေခဲ့တာကို ​တွေ့ခဲ့ရပါတယ်။ ဒီ Group ဟာဆိုရင်လည်း မ​နေ့ကမှ စတင်တည်​​​ထောင်ထားပြီး အဖွဲ့ဝင် ၄၀၀ ​ကျော်ရှိ​နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်း​တွေကို လုံး​ထွေးပြီး လိုအပ်သလိုပြင် ပုံ​ဖော်ဖြန့်​ဝေထားတာ​ကို ​တွေ့ခဲ့ရပါတယ်။ ယင်းတရားရုံးထုတ်စစ်​ဆေးမှု အပြီးမှာ ပြုလုပ်ခဲ့တဲ့ ​​ရှေ့​နေ​တွေရဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာဆိုရင် ​ဒေါက်တာမျိုး​အောင်ရဲ့ ​ရှေ့​နေဦးသိန်းလှိုင်ထွန်း ဖမ်းဆီးခံခဲ့ရတယ်လို့ ​ရှေ့​နေတစ်ဦးဖြစ်သူ ​ဒေါ်မင်းမင်းစိုးက ​ပြောကြားခဲ့ပါတယ်။ ရှေ့​နေဦးသိန်းလှိုင်ထွန်းဟာ အာဏာသိမ်းစစ်​ကောင်စီက​နေ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမှာ တရားစွဲဆိုထားတဲ့ ၅၀၅(က) နဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအ​ကြောင်းကို ​အောက်ကလင်ခ့်မှာ ကြည့်ရှု့နိုင်ပါတယ်။

Link – https://www.facebook.com/khitthitnews/videos/886506371954021/ ​နောက်တချက်အ​နေနဲ့ မ​နေ့ညတည်းက ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းနဲ့ ပတ်သက်လို့လည်း တရားဝင်မီဒီယာ​တွေမှာ ​ဖော်ပြလာတာမျိုး မ​တွေ့ရ​သေးပါဘူး။ ဒီလို ဖြစ်ရပ်မှန်​တွေကို စိတ်ကူးပုံ​ဖော်မိသလို လုံး​ထွေးဖြန့်​ဝေတတ်ကြတဲ့ သတင်း​တွေဟာလည်း မကြာခဏဆိုသလို ဖြန့်​ဝေတတ်ကြပါတယ်။ ဒီလိုသတင်း​တွေကို ရုတ်တရတ်ကြည့်မယ်ဆိုရင် မှန်သ​ယောင်ရှိ​ပေမဲ့ တကယ့်မှာ​တော့ သတင်းအမှားနဲ့ အမှန်ကို ​ရော​​ထွေးထားပါတယ်။ သတင်းအချက်အလက်​တွေ စစ်​ဆေးဖို့ အခက်အခဲရှိမယ်ဆိုရင် ​တွေးပြီးမှယုံရဲ့ Chat Box မှာ လာ​ရောက်​မေးမြန်းလို့ရပါတယ်။

%d bloggers like this: