Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူကို ငွေ 5 သိန်းနဲ့ အလောင်းပြန်လာရွေးခိုင်းတဲ့ သတင်းတု
နိုင်ငံရေး

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူကို ငွေ 5 သိန်းနဲ့ အလောင်းပြန်လာရွေးခိုင်းတဲ့ သတင်းတု

ဒီနေ့ မေလ၂၇ရက်နေ့မှာ “သမီးလေးကို လာဖမ်းတုန်းက အကောင်း အခု အလောင်းကို ၅သိန်းနဲ့ လာယူခိုင်းကြပြီ” လို့ Sayarmayu Sayarmayu ဆိုတဲ့ Facebook အကောင့်ကနေပြီး အဖမ်းခံခဲ့ရတဲ့ မိန်းကလေးပုံနဲ့ တွဲတင်ခဲ့တာပါ။ ဒီလိုတင်ထားတဲ့ ပိုစ့်တွေကို screenshot ရယူပြီး ပြန်လည်ဖြန့်ဝေခဲ့ကြတဲ့သူတွေလဲ အများအပြားရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးသူတွေက လိုက်လံ စစ်ဆေးတဲ့ အခါမှာတော့ သတင်းတုသာ ဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။ 22 ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းစီးခံရတဲ့ မိန်းကလေးရဲ့ အစ်မ ဖြစ်သူက  ဒီသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်းနဲ့ သူမရဲ့ ညီမဟာ အနာတရအနည်းငယ်သာရရှိခဲ့ပြီး ဘေးကင်းတဲ့အကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် သတင်းဖတ်တဲ့အခါ စိုးရိမ်စိတ်နဲ့မဖတ်ဖို့လိုအပ်ပါတယ်။ မမျှဝေခင် သတင်းမှန်မမှန် စီစစ်ဖို့လဲအရေးကြီးပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေက သတင်းတွေကိုလဲ ဖတ်ရှုသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: