Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဂျိုးဖြူရေပိုက်လိုင်းကွဲတယ်ဆိုပြီး ပုံအဟောင်းသုံးကာ သတင်းတုဖြန့်နေ
နိုင်ငံရေး

ဂျိုးဖြူရေပိုက်လိုင်းကွဲတယ်ဆိုပြီး ပုံအဟောင်းသုံးကာ သတင်းတုဖြန့်နေ

ဒီသတင်းကို မေလ ၂၇ရက်နေ့မှာပဲ Myin Tun Naing အမည်ရှိတဲ့အကောင့်ကနေ တင်ထားတာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် …ဒါဟာဆန္ဒပြတာမဟုတ်တော့ဘဲ ရေပိုက်လိုင်းကိုဖျက်ဆီးနေတာဖြစ်ကြောင်း၊ ဖျက်ဆီးလိုက်တာဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေဖြစ်ကြောင်း စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်စကားလုံးများနဲ့ ရေးသားထားတာကိုတွေ့ရှိခဲ့ရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့ Water Resources and Water Supply Authority, YCDC page က ဧပြီလ ၆ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ ဂျိုးဖြူရေပိုက်လိုင်းပေါက်ခဲ့ကြောင်း၊ ဂျိုးဖြူရေပိုက်လိုင်းကနေ တိုက်ရိုက်သုံးစွဲရတဲ့ မြို့တွေကို ရေပေးဝေမှုပြတ်တောက်ခဲ့ရကြောင်း နဲ့ ဧပြီလ ၇ရက်နေ့တွင် ပြန်လည်၍ ရေပေးဝေနိုင်ကြောင်း ၎င်းရဲ့ Page မှာပုံနှင့်တကွ ဖော်ပြခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှာ ယူသုံးထားတဲ့ ဓာတ်ပုံဟာ ပုံအဟောင်းသာဖြစ်နေပြီး ရေးသားထားတဲ့ သတင်းမှာလည်း ဝါဒဖြန့်ပြီး တိုက်ခိုက်တဲ့ သတင်းတစ်ခုသာဖြစ်နေပါတယ်။

ပုံတွေနဲ့ သတင်းတွေတက်လာတဲ့အခါ သတိထားသင့်ပါတယ်။ ပုံတွေမြင်တိုင်း မယုံမိဘဲ မိမိကိုယ်တိုင်စစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: