ဒီသတင်းကို မေ၊ ၄ ရက်နေ့တည်းက စတင်ဖြန့်ဝေလာကြပြီး အခု ဒီရက်ပိုင်းထဲမှာလည်း ပြန်လည်ဖြန့်ဝေလာကြတာကို တွေ့ခဲ့ရပါတယ်။ ဒီသတင်းတွေထဲမှာဆိုရင် “ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဖွဲ့စည်းပုံအပြည့်၊ လေ့ကျင့်ရေးစွမ်းရည်အပြည့်နဲ့ တပ်ရင်း သုံးခုနဲ့ ဖွဲ့စည်းထားခဲဲ့ပြီ” ဆိုပြီးဖော်ပြထားတပါတယ်။ တခြားသတင်းတွေမှာဆိုရင် Free Burma Ranger များလည်း ဧရာဝတီတိုင်းကို ရောက်လာကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်လို့ တွေးပြီးမှယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားတွေသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဧရာဝတီတိုင်းမှ ကရင်လူမျိုးများရဲ့ သတင်းများကိုသာ ဦးစားပေးဖော်ပြနေသည့် “လွတ်လပ်သောထီးထာကလုန်းကရင့် မီဒီယာ” မှာ ဒီသတင်းဟာ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။ မီဒီယာရဲ့ ဖော်ပြချက်မှာဆိုရင် “လွတ်လပ်သော ထီးတာကလုန်းကရင့် မီဒီယာ” နဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားရာ ယင်းတဝန်ရှိသူက သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုဖြေြကားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။
ဒီလိုမျိုး ရင်းမြစ်ကို ဖော်ပြမထားတဲ့ သတင်းတွေ တွေ့ခဲ့ရင် ရင်းမြစ်ကို မေးကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုလို့ သံသယရှိခဲ့ရင် တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ သတင်းတုလို့ သိခဲ့ရင်လည်း သတင်းတုတွေ ထပ်မံမပြန့်နှံ့ကြဖို့ Facebook ကို Fake News နဲ့ Report လုပ်ကြဖို့လည်း တိုက်တွန်းပါတယ်။