Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မန္တလေးအမှတ်(၈) ရဲစခန်း မီးလောင်တယ်ဆိုတာ မဟုတ်မှန်
နိုင်ငံရေး

မန္တလေးအမှတ်(၈) ရဲစခန်း မီးလောင်တယ်ဆိုတာ မဟုတ်မှန်

ဒီသတင်းကို မေလ ၃၀ရက်နေ့ ညပိုင်းမှာ Sagaing News က တင်ခဲ့ပြီး Facebook သုံးစွဲသူတွေဆီသို့ အများအပြားပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ​တော့ ပုဂ္ဂလိက Facebook Account ​တွေနဲ့ တခြား Page တချို့မှာ စာ​တွေကို ထပ်ဆင့်ကူးယူ​ဖော်ပြလာကြပါတယ်။ သတင်းထဲမှာဆိုရင် မန္တလေး အမှတ်(၈) ရဲစခန်း မိုးကြိုးပစ်ခံရပြီး မီးလောင်နေကြောင်း ပုံများနဲ့တကွ တင်ထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

 

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်‌ဆေးသူတွေက စစ်ဆေးဖို့အတွက် မန္တလေး ဒေသခံတစ်ဦးနဲ့ ဆက်သွယ်ခဲ့ရာမှာတော့ ရဲစခန်းမိုးကြိုးပစ်ခံရတာမှာ မှန်​သော်လည်း မီးလောင်ခဲ့တယ်ဆိုတာ မှာမဟုတ်မှန်ကြောင်း ​အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် တခြားလွတ်လပ်တဲ့ တရားဝင်မီဒီယာတွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး တင်ဆက်ထားတာမျိုး မတွေ့ရှိခဲ့ရပါဘူး။ ဒီသတင်းကို တင်ခဲ့တဲ့ Sagaing News မှလည်း ၎င်းတို့ သုံးထားတဲ့ ပုံတွေဟာ မန္တလေးရှိ မြရည်နန္ဒာအတွင်း မီးလောင်နေတဲ့ပုံတွေဖြစ်ကြောင်း၊ မိုးကြိုးထိမှန်တာမှန်အမှန်ဖြစ်ပေမယ့် မီးလောင်သည်မှာ မဟုတ်ကြောင်း Page မှာ ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ သွားရောက်ဖတ်ရှုရန်။ 

 

ဒါ့ကြောင့် ပုံအဟောင်းများသုံးပြီး သတင်းရေးသားမှုကို အထူးသတိပြုသင့်ပါတယ်။ ပုံတွေနဲ့ သတင်းတက်လာခဲ့ရင်လည်း မိမိကိုယ်တိုင် ပုံတွေကို သွားရောက်စစ်ဆေးလို့ရပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေဆီက သတင်းကိုလည်း စောင့်စားဖတ်ရှုသင့်ပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: