Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားဆိုတဲ့ သတင်းတု
နိုင်ငံရေး

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားဆိုတဲ့ သတင်းတု

ဒီသတင်းကို Hanlin အမည်ရှိအကောင့်က ဒီနေ့ ဇွန်လ ၁ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုမှာဆိုရင် Fast And Furious ဇာတ်ဝင်ခန်းမဟုတ်ကြောင်းနဲ့ ဆူးလေးမှာ ပစ်ခတ်မှုဖြစ်ပွါးတဲ့ပုံတွေဖြစ်ကြောင်း တင်ခဲ့တာဖြစ်ပါတယ်။ ခုအချိန်မှာဆိုရင်တော့ ပြန်လည်မျှဝေသူပေါင်း ၂၄၆ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်ရာမှာတော့ သတင်းတုမှာ သုံးထားတဲ့ ပုံ‌တွေဟာ Line Walker 2 ရိုက်ကူးရေးကပုံတွေဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့က ရန်ကုန်မြို့ ဆူးလေအနီးမှာရိုက်ကူးထားတဲ့ပုံတွေဖြစ်နေကြောင်းကို လွတ်လပ်တဲ့မီဒီယာများက ဖော်ပြပေးထားတာ တွေ့ခဲ့ရပါတယ်။

မေ ၃၁ရက်နေ့ ညပိုင်းမှာ ၆လပိုင်း ၁ရက်နေ့ကို သတိအထူးပြုဖို့ psywar သတင်းတွေထွက်ခဲ့ပြီးနောက်မှာတော့ ဇွန် ၁ရက်နေ့မှာ အခုလိုတွေဖြစ်သယောင်တင်ထားတာဟာ ပြည်သူတွေအပေါ် စိုးရိမ်မှုများဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သတင်းတု၊သတင်းမှားအပြင် ဝါဒဖြန့်သတင်းတွေနဲ့ ဆိုက်ဝါးသတင်းတွေကို သတိပြုသင့်ပါတယ်။ လွတ်လပ်တဲ့မီဒီယာက သတင်းတွေကိုလည်းစောင့်ကြည့်သင့်ပါတယ်။ သတင်းတုလို့ သိရရင်လည်း Facebook သို့ Fake news အနေနဲ့ report လုပ်လို့ရပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: