Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဇွန် ၁၅ရက်နေ့မှာ ငွေကျပ် ၃သိန်းနဲ့အထက် လက်ဝယ်ကိုင်ဆောင်ခြင်း၊ သိမ်းဆည်းထားခြင်း မပြုလုပ်ရလို့ မြဝတီသတင်းကြေညာခဲ့ဆိုတာ မဟုတ်မှန်
နိုင်ငံရေး

ဇွန် ၁၅ရက်နေ့မှာ ငွေကျပ် ၃သိန်းနဲ့အထက် လက်ဝယ်ကိုင်ဆောင်ခြင်း၊ သိမ်းဆည်းထားခြင်း မပြုလုပ်ရလို့ မြဝတီသတင်းကြေညာခဲ့ဆိုတာ မဟုတ်မှန်

ဒီသတင်းကို ​ဒီက​နေ့ (၁၅) ရက်​နေ့ ညပိုင်းမှာပဲ Facebook ​ပေါ်မှာ ​တော်​တော်ပျံ့နှံ့လာ​ပါတယ်။ သတင်းထဲမှာဆိုရင် “မြန်မာ​ငွေပိုက်ဆံ ၃ သိန်းကျပ်နဲ့အထက် လက်ဝယ်ကိုင်​ဆောင်ခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်းများ မပြုလုပ်ရ။ လိုက်နာမှုမရှိပဲ စိစစ်​တွေ့ရှိပါက အဂတိတိုက်ဖျက်​ရေးဥပ​ဒေ၊ အက်ဥပ​ဒေတို့ဖြင့် ထိ​ရောက်စွာ​အ​ရေးယူ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဟု မြဝတီမှ ​ကြေငြာခဲ့ပါတယ်” လို့ ​ဖောပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံ က​နေ အချက်အလက်စစ်​ဆေးဖို့ ဒီက​နေ့ဇွန်၊ ၁၅ ရက်​နေ့၊ မြဝတီရဲ့ ည (၈) နာရီသတင်းကို ကြည့်ခဲ့ရာမှာတော့ အ​ပေါ်ကလိုမျိုး ​ကြေငြာထားခဲ့ခြင်း မ​တွေ့ခဲ့ရပါဘူး။ ဒါအတွက်​ကြောင့် ဒီ​က​နေ့ည ၈ နာရီမှာ မြဝတီက​နေ ဒီသတင်းကို ထုတ်ပြန်ခဲ့တယ်ဆိုတာဟာ သတင်းအတုတစ်ခုသာဖြစ်ပါတယ်။
အခုလိုမျိုး သတင်း​တွေ ​တွေ့ခဲ့ရင် စတင်ဖြန့်​ဝေလာတဲ့ ရင်းမြစ်ကို သတိထားမိဖို့လိုပါတယ်။ သတင်းတုလို့ သံသယရှိခဲ့ရင်လည်း လွယ်လင့်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။ သတင်းရဲ့ ရင်းမြစ် (source) ကို ​ပြသဖို့ ​တောင်းဆိုဖို့ အခက်အခဲတစုံတရာ ရှိခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ Facebook Chat Box မှာ လာ​ရောက်​မေးမြန်းလို့ရပါတယ်။
%d bloggers like this: