Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် အလှူ​ငွေထည့်ဝင်တယ်ဆိုတာ မဟုတ်မှန်
နိုင်ငံတကာနိုင်ငံရေး

မြောက်ကိုရီးယားက မြန်မာနိုင်ငံအတွက် အလှူ​ငွေထည့်ဝင်တယ်ဆိုတာ မဟုတ်မှန်

ဒီသတင်းကို ဇွန်၊ ၁၇ ရက်​​နေ့မှာ နိုင်ငံတကာ မီဒီယာ​​တွေနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ​ဖော်ပြခဲ့ပါတယ်။ သတင်းမှာဆိုရင် မြန်မာနိုင်ငံအား လူသားချင်းစာနာမှုဆိုင်ရာကူညီ​ထောက်ပံ့မည့် ကုလသမဂ္ဂရဲ့ ပ​ရောဂျက်တခုမှာ ​မြောက်ကိုရီးယားက​နေ ကန်​ဒေါ်လာ သုံးသိန်းလှူဒါန်းခဲ့တယ်လို့ ​ရေးသားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးယုံရဲ့ ​တွေ့ရှိချက်မှာဆိုရင် ​မြောက်ကိုရီးယားက လှူဒါန်းတာမဟုတ်ပဲ ​တောင်ကိုရီးယားက လှူဒါန်းခြင်းသာဖြစ်​ကြောင်း အလွတ်တန်း နိုင်ငံတကာ သတင်း​ထောက်တစ်ဦးဖြစ်တဲ့ Cape Diamond ကို ကုလသမဂ္ဂရဲ့ အရာရှိတစ်ဦးက​နေ Twitter မှာ ပြန်လည်​​ဖြေကြားထားတာကို ​တွေ့ခဲ့ရပါတယ်။ ဒီမှာ ဝင်ကြည့်ရှု့နိုင်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ခေတ်သစ်မီဒီယာကနေလည်း တောင်ကိုရီးယားက အမေရိကန်ဒေါလာ ၉ သိန်းလှူဒါန်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ မြောက်ကိုရီးယားက လှူဒါန်းခဲ့​ကြောင်း ​ဖော်ပြထားခဲ့တဲ့ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာအချို့မှာ ​သတင်းမှန်ဖြစ်တဲ့တောင်ကိုရီးယားက လှူဒါန်းခြင်းဖြစ်ကြောင်းကို ပြန်လည်ပြင်ဆင်​ဖော်ပြတာ​တွေ လုပ်ခဲ့ကြပါတယ်။

%d bloggers like this: