Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ရက်စွဲအလွဲနဲ့ ပြန့်နှံ့​​နေတဲ့ ICJ ရုံးချိန်းသတင်း
တိုင်းရင်းသားနိုင်ငံတကာနိုင်ငံရေး

ရက်စွဲအလွဲနဲ့ ပြန့်နှံ့​​နေတဲ့ ICJ ရုံးချိန်းသတင်း

ရိုဟင်ဂျာများအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် လာမယ့် ဇွန်၊ ၂၃ ရက်နေ့မှာ ICJ တရားရုံး ရုံးချိန်းရှိတယ်ဆိုတဲ့ သတင်းတခုပြန့်နှံ့​နေပါတယ်။ ဒီသတင်းကို We Love Nobel သက်ထားစုကြည်ဆိုတဲ့ Facebook Group တခုကတင်ခဲ့တာဖြစ်ပြီး ခုချိန်မှာဆိုရင်တော့ like & react ၄ထောင်ကျော် ရှိနေပြီး ထပ်ဆင့်မျှဝေသူပေါင်း ၉၀၄ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာတော့ ဇွန်၊ ၂၃ ရက်နေ့ မဟုတ်ပဲ ဇူလိုင်၊ ၂၃ ရက်နေ့ မှသာ ရုံးချိန်းရှိကြောင်း​တွေ့ခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက​နေ မြန်မာနိုင်ငံအ​ပေါ် တင်သွင်းထားတဲ့ စွဲချက်​တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက​နေ ဇူလိုင်၊ ၂၃၊ ၂၀၂၁ မှာ ​လျှောက်လွဲချက်တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီအ​ကြောင်းကို Fortify Rights လူအခွင့်အ​ရေးလှုပ်ရှားတဲ့အဖွဲ့ ရဲ့ Website မှာသွား​ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါ့ကြောင့် 23.6.2021 ဆိုတဲ့ ရက်စွဲနဲ့ ပြန့်နေတဲ့သတင်းမှာ အမှတ်မှားနေတဲ့ သတင်းတခုသာဖြစ်ပါတယ်။

သတင်းတွေကိုဖတ်ရှုတဲ့အခါ အချိန်၊ နေရာ၊ ရက်စွဲတို့ကို သတိပြုဖို့လိုအပ်ပါတယ်။ သတင်းတုဖန်တီးသူတွေဟာ အချိန်၊ ရက်စွဲ၊ နေရာတွေကို သူတို့လိုသလိုပြုပြင်ပြီး သတင်းတုဖန်တီးလေ့ရှိပါတယ်။ ဒါ့ကြောင့် သတင်းဖတ်ရှုတဲ့အခါ အထက်က အချက်များကို သတိထားဖို့လိုအပ်ပါတယ်။ သတင်းတုတွေ့ခဲ့ရင်လဲ တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: