Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>NLD မှသိန်း၂၀၀ပေးပြီး မွန်အမတ်အား သတ်ဖြတ်ခိုင်းဆိုတဲ့ သတင်းတု
တိုင်းရင်းသားနိုင်ငံရေး

NLD မှသိန်း၂၀၀ပေးပြီး မွန်အမတ်အား သတ်ဖြတ်ခိုင်းဆိုတဲ့ သတင်းတု

ဒီသတင်းကို Myanmar local news ဆိုတဲ့ မီဒီယာက ဇွန် ၁၉ရက်နေ့ (ဒီနေ့မှာ)တင်ထားခဲ့ပါတယ်။ သတင်းထဲမှာဆိုရင် မွန်ညီညွတ်ရေးပါတီ MUP လွှတ်တော်အမတ်ဟောင်း မိဝေသီဖြိုးအားသတ်ဖြတ်ရန် ကြေးစားလူသတ်သမားတဦးကို NLDက သိန်း ၂၀၀ပေးပြီး သတ်ဖြတ်စေခိုင်းတယ်လို့ မွန်ပြည်သစ်ပါတီ လက်နက်ကိုင်အဖွဲ့ထံက သိရကြောင်း သတင်းတုထဲမှာ ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့ Mizzima မီဒီယာက မွန်ညီညွတ်ရေးပါတီဝင် မိဝေသီဖြိုးကို လုပ်ကြံသတ်ဖြတ်မှုဖြင့် သံသယရှိသူကို ဇွန် ၁၇ရက်နေ့မှာ မွန်ပြည်သစ်ပါတီကထိန်းသိမ်းထားကြောင်းရေးသားထားပါတယ်။ ယင်းသတင်းနဲ့ပတ်သက်ပြီး သံသယရှိသူကို အဖွဲ့အစည်းတဖွဲ့က သိန်း ၂၀၀ ပေးပြီး သတ်စေခိုင်းတဲ့သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းမွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက Mizzima မီဒီယာကိုပြောထားကြောင်း ရေးသားထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။ ဒါ့ကြောင့် NLD ပါတီက သိန်း၂၀၀ ပေးပြီး သတ်ခိုင်းတဲ့သတင်းမှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတခုသာဖြစ်ပါတယ်။

သတင်းတွေကို လွယ်လွယ်မယုံမိဖို့နဲ့ သတင်းတုလို့တွေ့ခဲ့ရင်လဲ အဲ့သတင်းကို Facebook သို့ report လုပ်လို့ရပါတယ်။ လွတ်လပ်တဲ့မီဒီယာတွေနဲ့ သတင်းတုသတင်းမှား တိုက်ဖျက်တဲ့ page တွေကိုလဲ like & follow လုပ်ထားဖို့လိုပါတယ်။ သတင်းတုစစ်ဆေးဖို့အခက်အခဲရှိရင်လဲ တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: