Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မန္တ​လေး PDF အဖွဲ့ဝင်​တွေ ​အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီဆိုတာ မဟုတ်​သေး
နိုင်ငံရေး

မန္တ​လေး PDF အဖွဲ့ဝင်​တွေ ​အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီဆိုတာ မဟုတ်​သေး

ဒီမနက်မှာ မန္တ​လေး PDF ရဲ့ သင်တန်း​တစ်ခုက စစ်​ကောင်စီတပ်​တွေက ဝင်​ရောက်စီးနင်းခဲ့တဲ့ အတွက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု​တွေ ဖြစ်ခဲ့ပါတယ်။ ဒီအ​ကြောင်းကို မန္တ​လေး PDF အဖွဲ့ရဲ့ Facebook Page ဖြစ်တဲ့ People Defence Force Mandalay က​နေ အများပြည်သူကို အသိ​ပေးထားခဲ့ပြီး ​နောက်ဆက်တွဲအ​နေနဲ့ ပြည်သူ​တွေရဲ့ အကူအညီကို လိုအပ်​နေ​ကြောင်း ထပ်မံ အသိ​ပေးခဲ့ပါတယ်။

ဒီလို စာ​တွေ ထွက်​ပေါ်လာပြီး မကြာခင်မှာပဲ Facebook cele တစ်​ယောက်ဖြစ်တဲ့ ဇာနည်ထိုက် ရဲ့ Facebook Account မှ မန္တ​လေး PDF အဖွဲ့ဝင်များ ​အောင်မြင်စွာ ဆုတ်ခွာနိုင်​ကြောင်း ဖြန့်​ဝေလာပါတယ်။ ဒီအ​ကြောင်းနဲ့ ပတ်သက်လို့ မန္တ​လေး PDF အဖွဲ့ရဲ့ Facebook page က​နေ အများပြည်သူကို အသိ​ပေးထားတာ မရှိခဲ့ပါဘူး။ PDF အဖွဲ့နဲ့ ဆက်သွယ်​မေးများထားတဲ့ တခြား Facebook သုံးစွဲသူတစ်​ယောက်ကလည်း ဒီသတင်းကို Mdy PDF အဖွဲ့က သတင်းအမှားသာဖြစ်​ကြောင်း အတည်ပြုထားခဲ့ပါတယ်။ သီးခြားလွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်တဲ့ ​ခေတ်သစ်မှာလည်း ဒီသတင်းဟာ သတင်းအမှားသာဖြစ်​ကြောင်း ​ဖော်ပြထားခဲ့ပါတယ်။

အခုချိန်မှာ ဒီသတင်းကို ဖြန့်​ဝေထားသူ ဇာနည်ထိုက်က ပြန်လည်ဖျက်သိမ်းခဲ့​ပေမဲ့ ထပ်ဆင့်ကူးယူ​ဖော်ပြသူ​တွေ၊ Screenshot နဲ့ ထပ်မံဖြန့်​ဝေသူ​တွေ က​နေ ထပ်ဆင့် ပြန့်နှံ့လျက်ရှိပါတယ်။ ဒါ​ကြောင် စာဖတ်သူ​တွေအ​နေနဲ့ ဒီသတင်းကို ထပ်ဆင့်ဖြန့်​ဝေသူ​တွေကို ​တွေ့ခဲ့ရင် သတင်းအမှားသာဖြစ်​ကြောင်း အသိ​ပေးကြဖို့ တိုက်တွန်းပါတယ်။

%d bloggers like this: