Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>PDF အဖွဲ့ဝင်​တွေ ဖမ်းဆီခံရပါက မိမိကိုယ်ကို သတ်​သေကြရန် PDF(ရန်ကုန်) မှ ထုတ်ပြန်ဆိုတဲ့ ​ကြေငြာချက်အတု
နိုင်ငံရေး

PDF အဖွဲ့ဝင်​တွေ ဖမ်းဆီခံရပါက မိမိကိုယ်ကို သတ်​သေကြရန် PDF(ရန်ကုန်) မှ ထုတ်ပြန်ဆိုတဲ့ ​ကြေငြာချက်အတု

ဒီ​နေ့ မနက်မှာပဲ PDF(မန္တ​လေး) ရဲ့ သင်တန်း​ကျောင်းကို ဝင်​ရောက်စီးနင်းခဲ့လို့ PDF အဖွဲ့ဝင်​တွေနဲ့ နစကတပ်ဖွဲ့ဝင်​တွေအကြားပစ်ခတ်မှု​တွေ ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှု​တွေ ကြားမှာလည်း PDF တချို့ ဖမ်းဆီးခံခဲ့ရ​ကြောင်း သတင်း​တွေ ထွက်​ပေါ်လာခဲ့ပါတယ်။

ဒီသတင်း​တွေနဲ့ မ​ရှေးမ​နှောင်း ​​မှာပဲ PDF(ရန်ကုန်) ရဲ့​ကြေငြာချက်ဆိုပြီး ထွက်​ပေါ်လာပါတယ်။ ​ကြေငြာချက်ထဲမှာဆိုရင် “PDF(မန္တ​လေး) အဖွဲ့ဝင်​တွေ ကျဆုံး၊ ဖမ်းဆီးခံရမှုအ​ပေါ် ဝမ်းနည်း​ကြောင်းနဲ့ PDF အဖွဲ့ဝင်​တွေ အ​နေနဲ့ ဖမ်းဆီးခံရရင် ကျည်တစ်​တောင်​​ဆောင်ထားက သတ်​သေသင့်​ကြောင်း” ​ဖော်ပြထားပါတယ်။

ဒီ​ကြေငြာချက်ကို အတည်ပြုဖို့ရာအတွက် Yangon Defense Force – YDF နဲ့ People’s Defense Force – ပြည်သူ့ကာကွယ်​ရေးတပ် တို့ရဲ့ Facebook Page မှာ ဝင်​ရောက်ကြည့်ရှု့ခဲ့ရာမှာ​တော့ ဒီလိုမျိုး ​ကြေငြာချက်ကို မ​တွေ့ခဲ့ရပါဘူး။ ​​

တွေးပြီးမှယုံအ​နေနဲ့ ယင်း​ Facebook Page ​တွေရဲ့ Chat box က​နေ တဆင့် ဆက်သွယ်​​မေးမြန်းခဲ့ရာမှာလည်း ​ကြေငြာချက်အတုသာဖြစ်​ကြောင်း အတည်ပြု​ဖြေကြားခဲ့ပါတယ်။

အခုလိုမျိုး တံဆိပ်တုံးအတု​တွေနဲ့ အဖွဲ့အစည်း​တွေရဲ့ ​ကြေငြာချက်အတု​တွေကို အသုံးချပြီး သတင်းတု​တွေကို မကြာခဏဖြန့်​ဝေ​လေ့ရှိကြပါတယ်။ စာဖတ်သူ​တွေအ​နေနဲ့ ဒီလို​ကြေငြာချက်​တွေ ထွက်လာပြီဆိုရင် သက်ဆိုင်ရဲ့ အဖွဲ့အစည်း​တွေရဲ့ ​Facebook Page ​တွေနဲ့ တရားဝင်လွတ်လပ်တဲ့ မီဒီယာ​တွေမှာ သာ ​စောင့်ကြည့်ယုံကြည်သင့်ပါတယ်။ စစ်​ဆေးဖို့ရာ အခက်အခဲရှိခဲ့မယ်ဆိုရင်လည်း ​တွေးပြီးမှယုံရဲ့ ​Chat Box မှာ ​လာ​ရောက်​မေးမြန်းလို့ ရပါတယ်။

%d bloggers like this: