Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အဆိုတော်ရေမွန် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး အချင်းချင်း လုပ်ကြံခြင်းသာဖြစ်​ကြောင်း ကြေညာချက်အတု ထွက်ပေါ်လာ
နိုင်ငံရေး

အဆိုတော်ရေမွန် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး အချင်းချင်း လုပ်ကြံခြင်းသာဖြစ်​ကြောင်း ကြေညာချက်အတု ထွက်ပေါ်လာ

ဇွန် ၂၃ရက်နေ့ (ဒီနေ့)မှာပဲ ငှက်ဖျားပိုးကြောင့် အဆိုတော် ရေမွန် ဆုံးပါးသွားတဲ့သတင်းတွေကို လွတ်လပ်တဲ့မီဒီယာတွေကနေ မျှ​ဝေထားခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ မရှေးမနှောင်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) နာမည်နဲ့ ကြေညာချက်တစောင် ထွက်ပေါ်လာပါတယ်။ ကြေညာချက်ထဲမှာဆိုရင် အဆိုတော် ရေမွန်က ငှက်ဖျားကြောင့် သေဆုံးတာမဟုတ်ဘဲ တောထဲရောက်ပြီး မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးတာဖြစ်ကြောင်း ​ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးခဲ့ရာမှာတော့ People Defense Force- Mandalay ရဲ့ page မှာလည်း ဒီ​ကြေငြာချက်မှာ လုပ်ကြံထားတဲ့အတုသာဖြစ်​​ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

အဆို​တော်​ရေမွန်နဲ့ အတူ လွတ်​မြောက်နယ်​မြေမှာ ခိုလှုံခဲ့တဲ့ အဆို​တော်တစ်ဦးဖြစ်သူ နိုဗန်ထူး နဲ့ လွတ်လပ်တဲ့မီဒီယာ တစ်ခုဖြစ်တဲ့ Dellta News Agency တို့ရဲ့ ဆက်သွယ်​မေးမြန်းချက်မှာလည်း ဒီ​ကောလဟလ​တွေဟာ မမှန်ကန်ပါဘူး လို့​ဖြေကြားထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

လွတ်လပ်တဲ့မီဒီယာတွေကလဲ အဆိုတော်ရေမွန်သေဆုံးမှုဟာ ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်လို့ သေဆုံးရခြင်းသာဖြစ်ကြောင်းရေးသားထားပါတယ်။ ဒီလို ပြည်သူတွေကြား အထင်အမြင်လွဲအောင် ဝါဒဖြန့်ပြီး မဟုတ်မမှန်တဲ့ ကြေညာချက်တွေကို သတိပြုဖို့လိုပါတယ်။ ကြေညာချက်တွေထွက်လာခဲ့ရင်လည်း အဲ့ကြေညာချက်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ page မှာ ကြေညာချက်အစစ် ဟုတ်မဟုတ် သွားရောက်မေးမြန်းလို့ရပါတယ်။ စစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: