Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မန်း PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင် အဖမ်းခံရ၊ မခံရနဲ့ ​နောက်ဆက်တွဲသတင်းများ
နိုင်ငံရေး

မန်း PDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင် အဖမ်းခံရ၊ မခံရနဲ့ ​နောက်ဆက်တွဲသတင်းများ

ဇွန် ၂၃ရက်နေ့က ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရကြောင်းကို လွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ RFAမှ တင်ထားခဲ့ပါတယ်။ အင်တာဗျူးထဲမှာဆိုရင်တော့ ဗိုလ်ထွန်းတောက်နိုင်ကို မန္တလေးမှာမိသွားကြောင်း၊ သူနဲ့အတူ ၂ယောက်ပါသွားကြောင်း၊ လက်နက်အချို့ပါပါသွားကြောင်း၊ မန္တလေးမှာ PDF အများအပြားရှိကြောင်း မန္တလေး PDF အဖွဲ့ဝင်တစ်ဦးဆိုသူနဲ့ RFA မှအင်တာဗျုးခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဇွန် ၂၄ရက်နေ့ (ဒီနေ့)မှာတော့ People Defence Force Mandalay- Mdy-PDF page က​နေ ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းမှာ မဟုတ်မှန်ကြောင်းနဲ့ သူတို့ခေါင်းဆောင်ဟာ သူတို့နဲ့အတူရှိနေကြောင်းကို ရေးသားထားပါတယ်။ အဖွဲ့ရဲ့ လုံခြုံရေးကြောင့် page ကို unpublish လုပ်ထားရကြောင်းလည်းရေးသားထားပါတယ်။
ဒီ link မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

လွတ်လပ်တဲ့မီဒီယာတခု ဖြစ်တဲ့ Khit Thit Media ကနေလည်း ဗိုလ်ထွန်းတောက်နိုင် အဖမ်းမခံရကြောင်း ဖော်ပြပေးထားပါတယ်။
ဒီ Link မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

သို့​ပေမဲ့ စစ်တပ်​ထောက်ခံသူ​တွေက​တော့ ဗိုလ်ထွန်း​တောက်နိုင်ကို လက်နက်အများအပြားနဲ့ ဖမ်းမိတယ်ဆိုပြီး သတင်းဓါတ်ပုံ​တွေကို ဖြန့်​ဝေလျက်ရှိပါတယ်။
သတင်း​တွေဟာ အချိန်နဲ့ အမျှ​ပြောင်းလဲ​နိုင်ပါတယ်။
%d bloggers like this: