Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ပဲခူး၊ ညောင်လေးပင်မှာ စစ်သား နှင့် ရဲ(၇)ယောက်ကျသွားတယ်ဆိုတဲ့ သတင်းမှာ ​ဒေသခံ​တွေနဲ့ BDF ရဲ့ ​ပြောဆိုချက် ကွဲလွဲ​နေ
နိုင်ငံရေး

ပဲခူး၊ ညောင်လေးပင်မှာ စစ်သား နှင့် ရဲ(၇)ယောက်ကျသွားတယ်ဆိုတဲ့ သတင်းမှာ ​ဒေသခံ​တွေနဲ့ BDF ရဲ့ ​ပြောဆိုချက် ကွဲလွဲ​နေ

ဇွန် ၂၂ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ အဝင်ရှိ ရဲကင်းစခန်းတခုကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF) တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သားနဲ့ ရဲ (၇) ဦးကျသွားကြောင်း BDF Page မှာထုတ်ပြန်ထားခဲ့ပါတယ်။ လွတ်လပ်တဲ့မီဒီယာတချို့မှာလည်း ဒီသတင်းကို ပြန်လည်မျှဝေတာမျိုး ပြုလုပ်ခဲ့ကြပါတယ်။

ဒါ​ပေမဲ့ မ​ရှေးမ​နှောင်းမှာပဲ Myanmar Now က​နေ ဒီသတင်းကို ပဲခူး ဒေသခံတဦးနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာတော့ စစ်ကောင်စီဘက်က ၁ဦးသာ ဒဏ်ရာရခဲ့ကြောင်း ဖြေကြားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီလင့် မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

​တွေးပြီးမှယုံ အ​နေနဲ့လည်း ညောင်လေးပင် ဒေသခံနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ စစ်​ကောင်စီဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရ​ကြောင်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမဟုတ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

ဒါကြောင့် ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF) ရဲ့ ထုတ်ပြန်ချက်နဲ့ ​ဒေသခံ​တွေ​ရဲ့ ​ဖြေကြားချက်မှာ ကွဲလွဲနေတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

သတင်းတွေရဲ့ ရင်းမြစ်ကို တနေရာထဲက ဖော်ပြချက်မျိုးကို မယုံကြည်သင့်ပဲ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ ဖြစ်စဉ်အကြောင်း ပြောပြနိုင်တဲ့ နေရာတွေကနေလဲ သတင်းကို အတည်ပြုဖို့လိုအပ်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: