Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>Video ဖိုင်အဟောင်းသုံးပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်လာ
နိုင်ငံရေး

Video ဖိုင်အဟောင်းသုံးပြီး ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်လာ

ဇွန်လ ၃၀ ရက်နေ့မှာ တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။ ပြန်လွတ်မြောက်လာတဲ့ထဲမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသူတွေလဲ ပါဝင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးတဲ့ အချိန်မှာပဲ ဆိုရှယ်မီဒီယာမှာ “အခုလိုလုပ်တာ တိုင်းပြည်အင်မတန်နာကြောင်းနဲ့ ဥပဒေအတိုင်းလက်ခံပေးဖို့ပြောထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ကျေးဇူးတင်ထားကြောင်း” ပြောကြားထားတဲ့ Video ဖိုင်ပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို Thar Wa ဆိုတဲ့ Facebook Acc ကနေ တင်ထားခဲ့တာဖြစ်ပြီး အခုလက်ရှိ Share 909 နဲ့ ကြည့်ရှုသူ ၉ ထောင်ကျော်သွားပြီပဲဖြစ်ပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel အချို့ကလဲ ပြန်လည်ဖြန့်‌ဝေထားတာကို တွေ့ရပါတယ်။
ဒီ Video ဖိုင်ကို တွေးပြီးမှယုံရဲ့ အချက်အလက်စစ်ဆေးသူများက စစ်ဆေးခဲ့ရာမှာတော့ ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဦးကြည်လင်းကိုထောက်ခံပြီး “ ထမင်းဝအောင်စားထား”စားသားပါ တီရှပ်ဝတ်ဆင်ခဲ့သူ လေးဦးထဲမှ မြတ်ဘုန်းမိုရ်ပြောထားတဲ့ Video ဖိုင်ပဲဖြစ်နေခဲ့ပါတယ်။ အချိန်ကိုက် ပြန်လည်ဝါဒဖြန့်လာတဲ့ Video ဖိုင်အဟောင်းတခုသာဖြစ်ပါတယ်။ ဒီသတင်းကို Frontier Myanmar- Burmese မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ (Link)
ဒီရက်ပိုင်းအတွင်းမှာပဲ ဗီဒီယိုဖိုင်အဟောင်းတွေ အသုံးပြုပြီး Gen Z တွေကို ပုံဖျက်ထားတဲ့ သတင်းတုတွေကို စစ်တပ်ထောက်ခံသူလို့ ယူဆရတဲ့ Facebook Acc နဲ့ Telegram Channel တွေမှာ အများအပြားတွေ့လာရပါတယ်။ သတင်းအဟောင်းတွေ၊ ဗီဒီယိုဖိုင်အဟောင်းတွေကို အသုံးပြုပြီး ဝါဒဖြန့်ချီနေတဲ့ သတင်းတု/မှား တွေကို မယုံကြည်ဖို့နဲ့ သတင်းတွေကို မှန်ကန်ကြောင်း စစ်ဆေးအတည်ပြုပြီးမှသာ မျှဝေကြဖို့ တွေးပြီးမှယုံက တိုက်တွန်းလိုက်ရပါတယ်။
%d bloggers like this: