Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အဆိုတော်အောင်လ လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်ဆိုတဲ့သတင်းတု
နိုင်ငံရေး

အဆိုတော်အောင်လ လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်ဆိုတဲ့သတင်းတု

တွေးပြီးမှယုံ ဒီသတင်းကို ဇူလိုင်လ ၂၇ရက်နေ့ ဒီနေ့မှာပဲ Htet Kaung San ဆိုတဲ့ အကောင့်ကနေ လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင်တော့ “S.I.R ထဲကနောက်တယောက်မဆုံးရှုံးချင်ကြောင်း၊ Aung La “Reason” လက်လုပ်ဗုံးစမ်းသပ်ရင်း ထိခိုက်မိတာလို့ သိရကြောင်း” ရေးသားထားပါတယ်။

သတင်းတုကို တွေးပြီးမှယုံဝိုင်းတော်သားများက စစ်ဆေးကြည့်ရာမှာတော့ အဆိုတော်အောင်လရဲ့ ဇနီးဖြစ်သူ ဝိုင်းစုခိုင်သိန်းရဲ့ အကောင့်ကနေ “ကိုအောင်လဘာမှမဖြစ်ကြောင်းနဲ့ ကိုဗစ်ဖြစ်ရုံကလွဲရင် အကောင်းအတိုင်းဖြစ်ကြောင်း၊ ကိုဗစ်မဖြစ်ခင်ထဲက အပြင်မထွက်ဖြစ်ကြောင်း၊ ဗုံးပေါက်ခဲ့ရင်လဲ တရပ်ကွက်လုံးသိမှာဖြစ်ပြီး လိမ်လို့ရတဲ့အရာလဲ မဟုတ်ကြောင်း” ရေးသားထားပါတယ်။

အများပြည်သူ စိတ်မချမ်းမြေ့ချိန်မှာ အခုလိုသတင်းတုတွေ လုပ်ကြံဖန်တီးပြီး သတင်းတုတွေလိုက်လံဖြန့်ဝေနေတာဟာ စာဖတ်သူရဲ့ သတင်းမှန်ရပိုင်ခွင့်ကို နှောင့်နှေး စေနိုင်ပါတယ်။ ကိုယ်ဖတ်ရှုမိတဲ့သတင်း မှန်မမှန်ကိုလဲ တရားဝင်မီဒီယာတွေမှာ သွားရောက်ရှာဖွေ စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ ယူဆရရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: