Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ပဲခူးမှာ အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာပြီ ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

ပဲခူးမှာ အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာပြီ ဆိုတဲ့ သတင်းတု

ပဲခူးမှာ အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာပြီ ဆိုတဲ့ သတင်းတု

တွေးပြီးမှယုံ

ဒီသတင်းကို Shwe Yee Win Htet San နာမည်နဲ့ Facebook page တခုကနေ ဒီနေ့ ဩဂုတ် ၉ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းတုထဲမှာဆိုရင်တော့ မြန်မာနိုင်ငံ၊ ပဲခူးတနေရာကို အမေရိကန်စစ်သည်​တွေ လေကြောင်းချီလာကြောင်း ပုံတွေနဲ့တွဲပြီး သတင်းတုတင်ထားတာဖြစ်ပါတယ်။ သတင်းတုဟာဆိုရင် Like & React ၁၆၀၀ကျော်နဲ့ ပြန်လည်မျှဝေထားသူပေါင်း ၇၂၂ ယောက်ရှိနေပြီဖြစ်ပါတယ်။

သတင်းတုထဲမှာပါတဲ့ ပုံတွေကို တွေးပြီးမှယုံ ဝိုင်းတော်သား​တွေက​နေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းတွင်းက ပုံ​တွေ မဟုတ်ပဲ အင်ဒိုနီးရှားနိုင်ငံမှာ စစ်​ရေး​လေ့ကျင့်​နေတဲ့ပုံ​တွေသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံထဲကို ဆင်းသက်လာတယ်ဆိုတာ မဟုတ်ပါဘူး။

ဒီသတင်းတုရဲ့ မူရင်းသတင်းကို ​ပေးထားတဲ့ လင်ခ့်မှာ ဝင်​ရောက်ကြည့်ရှု့နိုင်ပါတယ်။

Link=> https://www.facebook.com/153830241304751/posts/4524638660890532/?d=n

ခုလိုတခြားနိုင်ငံက ပုံတွေသုံးပြီး သတင်းတုဖန်တီးသူတွေဟာ အာဏာသိမ်းခံရတဲ့ အ​စောပိုင်းကာလ​တွေမှာလည်း ​တော်​တော်ပျံ့နှံ့ခဲ့ပါ​သေးတယ်။ စစ်​အာဏာရှင်လက်​အောက်က​နေ လွတ်​မြောက်လိုတဲ့ ပြည်သူတွေကို ​မျှော်လင့်ချက်အမှား(False Hope) ​တွေ သုံးပြီး Like, Share, Follower နဲ့ Page လူသိများဖို့အတွက် သတင်းတုဖြန့်နေတာဖြစ်ပါတယ်။စာဖတ်သူတွေအနေနဲ့ ကိုယ်ဖတ်ရှုလိုက်တဲ့ သတင်းဟုတ်မဟုတ်ကို တရားဝင် မီဒီယာတွေမှာ သွားရောက်ရှာဖွေကြည့်လို့ရသလို ပုံတွေကိုလည်း Google Image Search မှာ သွားရောက်စစ်ဆေးလို့ရပါတယ်။ သတင်းတုလို့ယူဆရရင်လဲ တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: