Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>City Mart ၂၅ နှစ်ပြည့်ဆိုပြီး ကံစမ်းမဲ ​​ဖောက်​ပေး​နေတယ်ဆိုတဲ့ ​ကြေငြာအတုတွေ
စီးပွားရေး

City Mart ၂၅ နှစ်ပြည့်ဆိုပြီး ကံစမ်းမဲ ​​ဖောက်​ပေး​နေတယ်ဆိုတဲ့ ​ကြေငြာအတုတွေ

ဒီရက်ပိုင်းထဲမှာ တချို့ လင့်ခ်​တွေထဲဝင်လိုက်ပြီဆိုရင် City Mart ၂၅ နှစ်ပြည့်အတွက်ဆိုပြီး ဆုမဲ​ပေါက်ပါတယ် ဆိုပြီး ​ကြေငြာတာ​တွေ ​ပေါ်လာ​နေပါတယ်။ ဒီ​ကြေငြာ Website Pop-up ads ​တွေနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ City Mart ရဲ့ တရားဝင် Facebook Page မှာ ရှာ​ဖွေကြည့်ခဲ့ရာမှာ​တော့ ဒါ​တွေဟာ သတင်းအမှား​တွေသာ ဖြစ်တယ်လို့ ​တွေ့ခဲ့ရပါတယ်။

ဒီအ​ကြောင်း​တွေနဲ့ ပတ်သက်လို့ City Mart ရဲ့ တရားဝင် Facebook Page က​နေ ဒီ အခမဲ့ ​စျေးဝယ်ခွင့်နဲ့ ဆုမဲ​တွေ ​ပေးအပ်​နေတယ်ဆိုတာ သတင်းအမှားသာဖြစ်​ကြောင်းနဲ့ ၎င်းတို့နဲ့ လုံးဝသက်ဆိုင်တာမရှိ​ကြောင်း ​ဖော်ပြထားပါတယ်။ ဒီလို Website Pop-up ads ​တွေနဲ့ လိမ်လည်တာဟာ အရင်တည်းက ​ဒေါ်လာ​တွေ ဘယ်​ရွှေ့ဘယ်မျှရသွားပါပြီ၊ I Phone 12 ​ပေါက်ပါတယ် စလို့ ကံစမ်းမဲ့ ​ပေါက်​ကြောင်း​ပြောဆိုထားပြီး သူ​တို့​ပြောတဲ့ အချက်အလက်​တွေ ဖြည့်၊ လင့်ခ်​တွေကို ဝင် လိုက်လုပ်ရပါတယ်။ အဲ့​နောက်မှာ​တော့ ကိုယ့်ရဲ့ ကိုယ်​ရေးအချက်အလက်​တွေ ​ဖောက်ထွင်းခံရပြီး Facebook အ​ကောင့်​တွေ ဟက်ခံရလို့ ကိုယ်​ရေးကိုယ်တာအချက်အလက်​တွေ ​​ပေါက်ကြားကုန်တာ​တွေ၊ ဘဏ်အ​ကောင့်နဲ့ ချိတ်ထားရင် ဘဏ်အ​ကောင့်​တွေ ​ဖောက်ထွင်းခံရတာ​တွေ ဖြစ်လာ​ပါတယ်။

ဒါ​ကြောင့် ဒီလို​တွေ ​တွေ့ရင် လွယ်လင့်တကူ မလုပ်မိ​ဖို့ လိုအပ်ပါတယ်။ ဝင်ပြီး လုပ်ထားမိရင်လည်း အဲ့သလို ဂျင်းကြော်ငြာလင့်တွေကို နှိပ်မိထားတယ် ဆိုရင်တော့ Facebook setting ထဲက App & websites ထဲဝင်ပြီး ကိုယ်မလိုချင်တဲ့ ဟာတွေကို ထောက်ပြီး remove ဝင်လုပ်လို့ရပါတယ်။ ဒီလင့်ခ်  က​နေဝင်ပြီး ကိုယ်ဘာ​တွေ လုပ်ထားမိတယ်ဆိုတာ ပြန်စစ်​​ဆေး၊ ပယ်ဖျက်နိုင်ပါတယ်။ ဒီလင့်ထဲကို ဝင်ရောက်ပြီး အလွယ်တကူ ဖျက်လို့ရပါတယ်။ ကိုယ်မသိပဲနဲ့ ဝင်ထားမိတဲ့ လင့်တွေလဲ ရှိနိုင်တာမို့ ဝင်ရောက်ပြီး စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သက်ဆိုင်တဲ့ ဌာန​တွေရဲ့ အခုလို ထုတ်ပြန်ချက်​တွေကိုလည်း ရှာ​ဖွေဖတ်နိုင်သလို အတည်ပြုဖို့ ခက်ခဲတယ်ဆိုရင်လည်း ​တွေးပြီးမှယုံ ရဲ့ Chat box မှာ လာပြီး ​မေးမြန်း အတည်ပြုနိုင်ပါတယ်။
%d bloggers like this: