Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မင်း​မော်ကွန်းပုန်းခို​နေတဲ့ ဘီလင်း PDF စခန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေး

မင်း​မော်ကွန်းပုန်းခို​နေတဲ့ ဘီလင်း PDF စခန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတု

ဒီသတင်းတုကို​တော့ ဩဂုတ်၊ ၂၅ (ဒီ​နေ့) ရဲ့ မနက်ခင်းပိုင်းမှာပဲ စစ်တပ်​​လော်ဘီ​တွေက​နေ ဖြန့်​ဝေလာကြပါတယ်။ Han Nyein Oo နာမည်နဲ့ Facebook Account က​နေ ဖြန့်​ဝေမှုမှာဆိုရင် ပြန်လည်မျှ​ဝေသူ​ပေါင်း ၁၂၀၀ ​ကျော်အထိ ရှိ​နေပါတယ်။
သိမ်းဆီးရမိတဲ့ လက်နက်​တွေပုံနဲ့ တင်ထားခဲ့​တဲ့ ဒီသတင်းမှာဆိုရင် “မင်း​မော်ကွန်း ပုန်း​နေခဲ့တဲ့ ဘီးလင်း PDF စခန်း အသိမ်းခံရ၊ သူ​တောင်ညတွင်းချင်း အ​ပြေးမြန်လို့ လွတ်သွားတာ” လို့ ဆက်လက်​ရေးသားထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှ ယုံ က​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်းအမှားတစ်ခုသာဖြစ်​နေပါတယ်။

ဒီသတင်းမှာ အသုံးပြုထားတဲ့ ဓါတ်ပုံ​တွေဟာ ဩဂုတ်၊ ၁၁ ရက်​နေ့က ​မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်​ကျေးရွာလမ်းဆုံရှိ KNU တပ်မဟာ ၁ မြို့နယ်ရုံးကို စစ်​ကောင်စီတပ်က စီးနင်းခဲ့တဲ့ ဖြစ်စဥ်က ပုံ​တွေကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒီအ​ကြောင်းကို ဩဂုတ် ၁၄ ရက်က ​ခေတ်သစ်မီဒီယာမှာ တင်ဆက်ထားတဲ့ သတင်းမှာ သွား​ရောက်ကြည့်ရှု့နိုင်ပါတယ်။ ​ခေတ်သစ်က တင်ဆက်ထားခဲ့တဲ့ သတင်းမှာ သတင်းတုမှာလို ပုံမပါခဲ့​ပေမဲ့ ဖမ်းဆီးရမိတဲ့ လက်နက်စာရင်းကို ​ဖော်ပြထားတဲ့အတွက် ဒီစာရင်းနဲ့ ပုံနဲ့ တူ​နေပါတယ်။ Link 

ဒါ့အပြင် ဒီသတင်းဟာ သတင်းအမှားတစ်ခုသာဖြစ်​ကြောင်းကိုလည်း လွတ်လတ်တဲ့ တရားဝင်မီဒီယာ​တွေဖြစ်တဲဲ့ Than Lwin Times နဲ့ Mizzima – News in Burmese တို့ကလည်း သတင်း​ရေးသားတင်ဆက်ထားပါ​သေးတယ်။စာဖတ်​သူ​တွေအ​နေနဲ့ သတင်းဦး​တွေကို ဖတ်မိပါက လွတ်လပ်တဲ့ တရားဝင်မီဒီယာ​တွေဟုတ်မဟုတ် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်း​တွေရဲ့ သတင်းဌာန Facebook Page ​တွေနဲ့ တိုက်ဆိုင် စစ်​ဆေးကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။
%d bloggers like this: