Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>5 Million Challenge ပြည့်သွားပြီဖြစ်လို့ အလှူ​​​ငွေကောက်ခံ​နေတာလည်း ပိတ်သွားပြီဖြစ်​ကြောင်း သတင်းတုလွှင့်​နေ
နိုင်ငံရေး

5 Million Challenge ပြည့်သွားပြီဖြစ်လို့ အလှူ​​​ငွေကောက်ခံ​နေတာလည်း ပိတ်သွားပြီဖြစ်​ကြောင်း သတင်းတုလွှင့်​နေ

CRPH နဲ့ NUG ရဲ့ ကာကွယ်​ရေးဝန်ကြီးဌာနက​နေ ပူး​ပေါင်းစီစဥ်တဲ့ 5 Million Challenge ပြည့်လို့ ပိတ်သွားပြီဆိုတဲ့ သတင်းတစ်ခု ပြန့်လာ​နေပါတယ်။
ဒီသတင်းကို​တော့ Nay Myo Bala နာမည်နဲ့ Facebook အ​ကောင့်တခုက​နေ ဩဂုတ်၊ ၂၃ ရက်​နေ့မှာ စပြီးဖြန့်​ဝေထားခဲ့ပြီး ပြန်လည်မျှ​ဝေသူ​ပေါင်း ၁၇၀၀ ​ကျော်ရှိ​နေပါတယ်။
သတင်းထဲမှာဆိုရင် “5 Millions ပြည့်သွားပြီ၊ ပြင်သစ် လက်နက်ဝယ်ပါပြီ၊ ​ငွေလည်း ပြည့်လို့ အလှူခံလည်း ပိတ်သွားပါပြီ” ဆိုသလို​ရေးထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ သတင်းအမှားတစ်ခုသာဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။
CRPH နဲ့ NUG ရဲ့ ကာကွယ်​ရေးဝန်ကြီးဌာနတို့ ပူး​ပေါင်းစီစဥ်တဲ့ TICKET ​​ရောင်းဖို့ တရားဝင်ဖွင့်လှစ်ထားတဲ့ CRPH – OFP Fundraising Program ​ပေ့ချ်က​နေ ပြည့်သွားလို့ အလှူခံပိတ်သွား​ကြောင်း အများပြည်သူကို အသိ​ပေးထားတာ မ​တွေ့ခဲ့ရပါဘူး။
ဒါအပြင် သတင်းတု ပြန့်နှံ့အပြီး ၄ နာရီအကြာထိ​အောင် CRPH – OFP Fundraising Program ​ပေ့ချ်က​နေ ထပ်မံဝယ်ယူကြဖို့ တိုက်တွန်း​တဲ့ ပို့စ်ကို တင်ဆက်​နေတုန်းပဲ ရှိ​နေပါ​သေးတယ်။​နောက်ဆုံး ပိုစ့်ကို ဒီလင့်ခ် မှာ ဝင်​ရောက်ကြည့်ရှု့နိုင်ပါတယ်
ဒီလို သတင်း​တွေ ​တွေ့ရင် သက်ဆိုင်ရာ Facebook Page ​တွေနဲ့ တိုက်ကြည့်၊ စစ်​​ဆေးကြည့်တာ​တွေ လုပ်ကြဖို့ လိုအပ်ပါတယ်။ စစ်​ဆေးဖို့ တစုံတရာအခက်အခဲ ရှိလာရင်ဖြစ်ဖြစ်၊ သတင်းတု ​တွေ့လို့ လာ​ရောက်အ​ကြောင်းကြားတာဖြစ်ဖြစ် ​တွေးပြီးမှယုံပေ့ချ် ရဲ့ Chat Box မှာ လာ​ရောက် အ​ကြောင်း​ကြား၊ စစ်​ဆေးနိုင်ပါ​တယ်​နော်။
%d bloggers like this: