Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>KNU တပ်မဟာနယ်​မြေ ၆ မှာ တိုက်ပွဲဖြစ်လို့ PDF ၅၀ ​ကျော် ကျဆုံးတယ်ဆိုတဲ့ သတင်းတုများပြန့်​နေ
နိုင်ငံရေး

KNU တပ်မဟာနယ်​မြေ ၆ မှာ တိုက်ပွဲဖြစ်လို့ PDF ၅၀ ​ကျော် ကျဆုံးတယ်ဆိုတဲ့ သတင်းတုများပြန့်​နေ

ဒီသတင်း​တွေကို ​စောဂျွန် နာမည်နဲ့ Facebook Account၊ Saw June နာမည်နဲ့ Facebook Page တို့က​နေ စပြီး ဖြန့်လာခဲ့ပြီး Ethinicity News Burmese Edition ဆိုတဲ့ ​ပေ့ချ်က​နေ ထပ်မံဖြန့်​ဝေလာခဲ့ရာ ခုဆိုရင် ​ဖေ့ဘွတ်ခ်မှာ အုတ်​အော်​သောင်းနင်းပြန့်နှံ့​နေပါတယ်။
ဒီသတင်း​​တွေနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​​ဆေးခဲ့ရာမှာ​တော့ သတင်းအမှားသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။
KNU ရဲ့ ဒူးပလာယာခရိုင် Facebook Page ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဒါဟာ သတင်းအမှား တစ်ခုသာဖြစ်ပြီး ဒီ​နေ့အတွက် တပ်မဟာ​ ၆ နယ်​မြေမှာ တိုက်ပွဲမရှိ​ကြောင်း တပ်ရင်း၊ တပ်ခွဲ​တွေက ထုတ်ပြန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ​ဒီ လင့်ခ် မှာ ဝင်ဖတ်လို့ ရပါတယ်။
ဒါအပြင် Khitthit မီဒီယာက​နေလည်း ဒီအ​ကြောင်းနဲ့ ပတ်သက်လို့ သတင်းတု တစ်ခုသာဖြစ်တယ်လို့ သတင်း​တင်ဆက်ထားတာကို ​ဒီ လင့်ခ် မှာ ဝင်​ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီလို သတင်း​တွေနဲ့ ပတ်သက်ရင် တရားဝင် သတင်း​ဌာန​တွေကိုသာ ​စောင့်ကြည့်ဖတ်ရှု့သင့်သလို သက်ဆိုင်ရာ ဌာန​တွေရဲ့ သတင်းထုတ်ပြန်ချက်​တွေကိုသာ ​စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ ကိုယ်တိုင် စစ်​​ဆေးအတည်ပြုရင်း တစုံတရာ ခက်ခဲခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာ​ရောက် ​မေးမြန်းနိုင်ပါတယ်
%d bloggers like this: