Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>လိုင်း​ပေါ်က လက်နက်ပုံ​တွေကိုသုံးပြီး မြန်မာနိုင်ငံအတွက် အကူအညီ ရလာသ​ယောင် သတင်းတုဖြန့်
နိုင်ငံရေး

လိုင်း​ပေါ်က လက်နက်ပုံ​တွေကိုသုံးပြီး မြန်မာနိုင်ငံအတွက် အကူအညီ ရလာသ​ယောင် သတင်းတုဖြန့်

ဒီသတင်းကို ကချင်မြေ Global Media ဆိုတဲ့ page ကနေ ဩဂုတ်၊ ၃၁(ဒီ​နေ့) မှာပဲ တင်ခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် လက်နက်ပုံများနဲ့အတူ ပြည်ပမှအလှူရှင်များရောက်ပါပြီဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ သတင်းကို Like & react ပြုလုပ်သူ ၁၅၀၀ကျော်ရှိနေပြီး ပြန်လည်မျှဝေသူပေါင်း ၁၇၅ဦးရှိနေပြီဖြစ်ပါတယ်။ သတင်းမှာ အသုံးပြုထားတဲ့လက်နက်ပုံတွေကို တွေးပြီးမှယုံက စစ်ဆေးခဲ့ရာမှာတော့ မြန်မာနိုင်ငံကဓာတ်ပုံတွေမဟုတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင်ဒီပုံတွေဟာလည်း ၂၀၂၀ နဲ့ ၂၀၀၅ ခုနှစ်တွင်းက ​Facebook Page တစ်ခုနဲ့ နိုင်ငံခြားက Website တစ်ခုကပုံတွေကိုကူးယူဖော်ပြထားတာ ဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။အောက်က Link တွေမှာသွားရောက်ကြည့်ရှုလို့ရပါတယ်။
Link

Link

လတ်တလောတွင် သတင်းတုဖန်တီးသူများဟာ ပြည်သူတွေကို False hope တွေပေးပြီး သတင်းတုဖန်တီးနေတာကိုတွေ့ရှိရပါတယ်။ မိမိအနေနဲ့ သတင်းတပုဒ်ကို ဖတ်တော့မယ်ဆိုရင်လည်းလွတ်လပ်တဲ့ တရားဝင် သတင်းမီဒီယာ​တွေနဲ့ သက်ဆိုင်ရာဌာန​တွေ၊ အဖွဲ့အစည်း​တွေရဲ့ သတင်း​တွေကိုသာ ​ဖတ်ရှု့ ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာလာရောက်မေးမြန်းလို့ရပါတယ်နော်။

%d bloggers like this: