အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ဒုသမ္မတဦး.. မှ စက်တင်ဘာ၊ ၇ (ဒီနေ့) မနက်ခင်းပိုင်းမှာ ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို လှည်နေလှည်းအောင်းမြင်းဇောင်းမကျန် တိုက်ထုတ်ကြရန် မိန့်ခွန်းပြောကြားခဲ့သည်။အဲ့ဒီ ဖြစ်စဉ်နဲ့ မရှေ့မနှောင်းမှာပဲ ရန်ကုန် မန္တလေးနဲ့ အချို့မြို့ကြီးတွေမှာ စစ်ဖြစ်နေတယ်ဆိုတဲ့ အတည်ပြုရခက်ခဲတဲ့ သတင်းတွေ အင်တိုက်အားတိုက် ထွက်ပေါ်လာနေပါတယ်။
အခုဆိုရင်လည်း U Ngel Lay နာမည်နဲ့ Facebook Acc တခုကနေ ဒီသတင်းဓါတ်ပုံက စတင်ဖြန့်ဝေထားပြီးတော့ Like, React 9700 ကျော်နဲ့ Share 13000 ကျော်ရှိနေပြီပဲဖြစ်ပါတယ်။သတင်းနဲ့ ဓါတ်ပုံကို စစ်ဆေးခဲ့ရာမှာတော့ မတ်၊ ၁၅ ရက်နေ့က မရမ်းကုန်း(၁) ရပ်ကွက်၊ ဘုရင့်နောင့် နှစ်ထပ်တံတားမှ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင့်သပိတ်မှောက်နေတဲ့ ဓါတ်ပုံကို ပြန်လည် အသုံးပြု သတင်းတုဖန်တီးထားတာပဲဖြစ်ပါတယ်။ ဒီလင့်ခ် မှာ ဝင်ကြည့်လို့ရပါတယ်။ဒီလို သတင်းအမှားတွေဟာ သုံးစွဲသူတွေဆီကို အချက်အလက် အမှားတွေ ရောက်ရှိစေရုံသာမကပဲ သတင်းအမှားတွေ ပြန့်နှံ့နေတာကြောင့် သတင်းအမှန်တွေရဲ့ စီးဆင်းမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့် အခုလို အခြေအနေတရပ်ဟာ သတင်းအမှားတွေလုပ်ကြံဖြန့်ဝေတာတွေ ပိုများလာနိုင်ပြီး စာဖတ်သူတွေအနေနဲ့ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေ၊ သတင်းရင်းမြစ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအစီး၊ ဌာန အသီးသီးရဲ့ တရားဝင်ပေ့ချ်ကနေ ထုတ်ပြန်တာတွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းအမှားတွေ တွေ့လို့ စစ်ဆေးလိုရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်စစ်ဆေးနိုင်ပါတယ်။