Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ သိမ်းပိုက်ထားဆဲ ဆိုတဲ့ သတင်းနဲ့ ​နောက်ဆက်တွဲများ
နိုင်ငံရေး

ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ သိမ်းပိုက်ထားဆဲ ဆိုတဲ့ သတင်းနဲ့ ​နောက်ဆက်တွဲများ

ကယားပြည်နယ်(ကရင်နီပြည်)မှာ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက ကရင်နီအမျိုးသားတပ်မတော်(KNDF)နဲ့ မဟာမိတ်တပ်တွေ ဒီးမော့ဆိုရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ပါတယ်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စက်တင်ဘာ ၈ရက်မှာတော့ ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ ဆက်လက်ထိန်းချုပ်ထားနိုင်ကြောင်း သတင်းတွေတက်လာပါတယ်။

ဒီသတင်းကို သတင်းမီဒီယာတချို့နဲ့ တချို့ ​​ဖေ့ဘွတ်ခ်အ​ကောင့်​တွေက​နေ ဖြန့်​ဝေလာကြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့တွေးပြီးမှယုံက​နေ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ဒီ​မောဆို ရဲစခန်းကိုဝင်​ရောက် စီးနင်းသိမ်း​ပိုက် နိုင်ခဲ့တယ်ဆိုတာ (ယခုအချိန်ထိ) မမှန်ကန်​သေးတဲ့ သတင်းတပုဒ်သာဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။

တရားဝင် မီဒီယာတခုဖြစ်တဲ့ Voice of Myanmar(VOM) နဲ့ KNDF ရဲ့ တာဝန်ရှိသူတို့အကြားဆက်သွယ်မေးမြန်းချက်အရ ဒီးမော့ဆို ရဲစခန်းကို တက်ရောက်သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ဖြေကြားထားတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ​နောက်ဆက်တွဲ သတင်း​တွေနဲ့ ပတ်သက်လို့ KNDF ရဲ့ တရားဝင် ​ဖေ့ဘွတ်ခ်က​ သတင်းထုတ်ပြန်ချက်​တွေကိုသာ ဆက်လက်ဖတ်ရှု့ကြဖို့လည်း KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်လက်​ဖြေကြားထားပါတယ်။ ဒီလင့်မှာသွားရောက်ကြည့်ရှု့လို့ရပါတယ်။

ဒါ့အပြင် တခြားလွတ်လပ်တဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Myanmar Pressphoto Agency က​နေ လည်း ဒီသတင်းကို တင်ဆက်ထားခဲ့​ပေမဲ့ တင်ဆက်ခဲ့ပြီး မကြာခင်မှာပဲ သတင်းအမှားတစ်ခုကို တင်ဆက်ခဲ့မိ​ကြောင်း ယခုလို ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ –

Karenni Nationalities Defense Force-KNDF ရဲ့တရားဝင် Page မှာ စက်တက်ဘာ ၇ ရက်နေ့ ည၇နာရီမှာ ဒီးမော့ဆို ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့​ကြောင်း ထုတ်ပြန်​ကြေငြာထားပါတယ်။သို့​ပေမဲ့ သိမ်းပိုက်ရရှိခြင်း ရှိ၊ မရှိနဲ့ ပတ်သက်လို့​တော့ ထပ်မံ အသိ​ပေးသတင်း​ထုတ်ပြန်ထားတာမျိုး မ​တွေ့ရ​သေးပါဘူး။ KNDF Facebook Link

ဒါ့ကြောင့်တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး PDF page များ၊ ၎င်းတို့ရဲ့ နယ်မြေအရ သက်ဆိုင်တဲ့ Page တွေနဲ့ တရားဝင်မီဒီယာများကသတင်းများကိုသာလေ့လာစောင့်ကြည့်သင့်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: