Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>Mytel တာဝါတိုင်​စောင့်​နေတဲ့ တင့်ကားကို PDF က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုအတု
နိုင်ငံရေး

Mytel တာဝါတိုင်​စောင့်​နေတဲ့ တင့်ကားကို PDF က ပစ်ခတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုအတု

ဒီသတင်းကို ဟန်သဲ သူ နာမည်နဲ့ အ​ကောင့်မှ စတင်ဖြန့်​ဝေခဲ့ပြီး Like, React ပြုလုပ်သူ​ပေါင်း ၆၉၉ ဦး နဲ့ ပြန်လည်မျှ​ဝေသူ​ပေါင်း ၂၀၃ ဦးအထိ ရှိခဲ့ပါတယ်။ သတင်းကြည့်ရှု့သူ​ပေါင်း ၅၂၀၀ ​ကျော်လည်း ရှိ​နေပြီ ဖြစ်ပါတယ်။သတင်းမှာဆိုရင် “Mytel တာဝါတိုင်​စောင့်​နေတဲ့ စစ်​ကောင်စီ တင့်ကားကို PDF က​နေ ​လှော်လိုက်တယ်”ဆိုပြီး တင့်ကားတစီးကို လက်နက်တခုနဲ့ ပစ်ခတ်ဖျက်ဆီးထားတဲ့ ဗွီဒီယိုဖိုင် တခုကို ဖြန့်​ဝေထားတာဖြစ်ပါတယ်။

သတင်းမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ​တွေးပြီးမှယုံအ​နေနဲ့ အချက်အလက်​စစ်​ဆေးခဲ့ရာမှာ​တော့ တခြားနိုင်ငံမှ ဖြစ်စဥ်တခုကို ပြန်လည်အသုံးပြုပြီး ဒီ​မော့ဆို မြို့မှာ ဖြစ်​နေသ​ယောင် ဖန်တီးထားတဲ့ သတင်းအတု ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်​နေ့က၊ အီရတ်နိုင်ငံ၊ မိုရ်ဆူးမြို့အနီးမှာ အ​မေရိကန် တင့်ကားတစီးကို ISIS အဖွဲ့က ဒုံးကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဗွီဒီယိုဖိုင် တခုသာဖြစ်​နေပါတယ်။ ဒီအ​ကြောင်းကို The Washington Post သတင်းစာက​နေ ​​ဒီလင့်ခ် မှာ ပြထားတဲ့ အတိုင်း တင်ဆက်ထားခဲ့ပါတယ်။

ဒီလို ဖြစ်စဥ်၊ ဖြစ်ရပ်မတူတဲ့ သတင်းက ဓါတ်ပုံ​တွေနဲ့ ဗွီဒီယိုဖိုင်​တွေကို အသုံးပြုပြီး မိမိတို့ အရပ်​ဒေသမှာ ဖြစ်​နေသ​ယောင် သတင်းတု​တွေ မကြာခဏ ဆိုသလို ဖန်တီးတတ်ကြပါတယ်။ ဒီလို သတင်းထူး​တွေနဲ့ ပတ်သက်ရင် လွတ်လပ်တဲ့ သတင်းမီဒီယာ​တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း​တွေရဲ့ တရားဝင် ထုတ်ပြန်ချက်​တွေကို ​စောင့်ကြည့်ဖတ်ရှု့ကြဖို့ လိုအပ်ပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်​နော်။

%d bloggers like this: