Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဗွီဒိုယို ဖိုင် အ​ဟောင်းကို ပြန်သုံးပြီး ချင်းပြည်မှာ ဖြစ်ခဲ့တဲ့ သတင်းအဖြစ် အ​ယောင်​ဆောင် ဖြန့်​ဝေ​နေ
နိုင်ငံရေး

ဗွီဒိုယို ဖိုင် အ​ဟောင်းကို ပြန်သုံးပြီး ချင်းပြည်မှာ ဖြစ်ခဲ့တဲ့ သတင်းအဖြစ် အ​ယောင်​ဆောင် ဖြန့်​ဝေ​နေ

စက်တင်ဘာ၁၀ရက်နေ့ မနက်ပိုင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေလို့ ရည်ညွှန်းထားပြီး Min Min, Ro Thiha Hlaing စတဲ့ အမည်နဲ့ ဖေ့ဘုတ်အကောင့်တွေက စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ အသီးသီးဖြန့်ဝေထားပါတယ်။ ပြန်လည်မျှဝေသူစုစုပေါင်း ၆ ထောင်ကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့ (Lungler) ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်ခတ်နေတဲ့ မှတ်တမ်းဗီဒီယိုလို့ ဖော်ပြထားပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံရဲ့ ချက်ဘောက်မှာ လာရောက်မေးမြန်းပြီး အချက်အလက်မျှဝေမှုတွေ အရ ဗီဒီယိုဖိုင်အဟောင်းတစ်ခုသာ ဖြစ်တ့အကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ Social Media တစ်ခုဖြစ်တဲ့ ixigua.com ကနေ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တရုတ်စာဖြင့် Burma in war! လို့ အဓိပ္ပါယ်ရတဲ့ စာနဲ့တွဲပြီး ဖြန့်ဝေထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ ဖြစ်နေတဲ့အကြောင်း တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ မူရင်း ဗီဒီယိုဖိုင်ကို ဒီလင့် မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

စက်တင်ဘာ ၁၀ ရက်​နေ့မှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်​ကျေးရွာကို စစ်​ကောင်စီတပ်က​နေ ဖိုက်တာဂျက်​လေယာဥ်​တွေ သုံးပြီး အမှန်တကယ် ဖျက်ဆီး တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံတွေ အိန္ဒိယနယ်စပ်ကို ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရပြီး ​နေအိမ်တချို့လည်း ပျက်ဆီးခဲ့ရပါတယ်။ ဒီအကြောင်းကိုတော့ Chin World နဲ့ Khit Thit Media က သတင်းတင်ဆက်မှုတွေကို  ဝင်ရောက် ကြည့်ရှုလို့ရပါတယ်။

အခုလို ဖြစ်စဥ်အမှန်​တွေကို ဗွီဒီယိုဖိုင် အမှား​တွေ၊ ဓါတ်ပုံအမှား​တွေနဲ့ ​ရော​ထွေး​ဖော်ပြ​နေတာ​တွေဟာ သတင်းအမှန်ရဲ့ အရည်အ​သွေးကို ကျဆင်း​စေပါတယ်။ ဒါပြင့် အ​ထောက်အထားစု​ဆောင်း တင်ပြသူ​တွေအတွက်လည်း သတင်းအမှား​တွေ နဲ့ ​ရောထွးသွား​စေနိုင်ပါတယ်။

ဒါ့ကြောင့် Video fileတွေနဲ့ ဓာတ်ပုံတွဲတင်ထားပြီး အချက်အလက်တချို့ပါဝင်တာနဲ့ သတင်းအစစ်လို့ မယူဆ လိုက်ပဲ သတင်းကို သေချာစစ်ဆေးပြီးမှ ယုံကြည်သင့်ပါတယ်။ လွတ်လပ်တဲ့မီဒီယာတွေ ဖော်ပြထားတာ ရှိမရှိကိုလည်း သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲ ရှိရင် တွေးပြီးမှယုံ ရဲ့ chat box မှာ လာရောက်မေးမြန်းလို့ရပါတယ်။

 

 

%d bloggers like this: