ဖြစ်စဥ်တလွဲတွေက ဗွီဒီယိုဖိုင်တွေနဲ့ ဓါတ်ပုံတွေကို ပြန်လည်အသုံးချပြီး သတင်းတုတွေ မကျခဏ ပြန်လည်ဖြန့်ဝေလာကြတာ မကြာခဏ တွေ့နေရပါတယ်။ ဒီလို သတင်းတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေရဲ့ သတင်းဖြန့်ဝေမှုတွေကိုသာ ယုံကြည် မျှဝေကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲ တစုံတရာတွေ့ခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
ဒီသတင်းကို ဒေါင်း နိုင် မင်း ဆိုတဲ့ နာမည်နဲ့ ဖေ့ဘွတ် အကောင့်တစ်ခုကနေ ဩဂုတ်၊ ၁၈ ရက်နေ့ ညနေ့ပိုင်းမှာ ဖြန့်ဝေလာပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ဆိုရင် လူသေအလောင်းတွေကို စစ်ကောင်စီတပ်သားတွေက မြေမြုပ်ပေးနေတဲ့ ဗွီဒီယိုဖိုင်တခုနဲ့အတူ
“ကဲTGကရုပ်သံကြည့်ကျပါ တောခိုမိဘတွေ
KNLAတပ်မဟာ5ကိုဝင်ရှင်းတော့အစုလိုက် အပြုံလိုက် ကျားမရောရာ သတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေကမြေမြှုပ်ပေးရတယ် မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ Kmh”
စသဖြင့် ရေးသားထားပါသေးတယ်။
ဖြန့်ဝေချိန် တနာရီကျော်အကြာအတွင်းမှာ ပြန်လည်မျှဝေသူ ၁၀၀၀ကျော် နဲ့ ကြည့်ရှု့သူပေါင်း ၆၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တခြားဖြစ်စဥ်တခုမှ ဗွီဒီယိုဖိုင်ကို ပြန်လည် အသုံးချ၍ ဝါဒဖြန့် သတင်းတု လွှင့်ထားတာကို တွေ့ခဲ့ရပါတယ်။
ဖြစ်စဥ်အမှန်မှာ မေ၊ ၃၀ ရက်နေ့က မြဝတီခရိုင်၊ ကနဲလေးကျေးရွာအနီးမှာ လမ်းလုပ်သားတွေကို KNDO အဖွဲ့မှ ဖမ်းဆီးခံခဲ့ရပြီးနောက် အသတ်ခံခဲ့ရ ဆိုတဲ့ ဖြစ်စဥ်က ဗွီဒီယိုဖိုင်ကို ပြန်လည် အသုံးပြုထားတာသာဖြစ်နေပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဇွန်၊ ၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ နာပါတ်၊ ၂၄ မှာ ဖတ်ရှု့နိုင်ပါတယ်။
စစ်ကောင်စီဘက်က လမ်းလုပ်သားတွေ သတ်ဖြတ်ခံရကြောင်း သတင်းထုတ်ထားခဲ့ပေမဲ့ KNDO အဖွဲ့မှ လမ်းလုပ်သားများ မဟုတ်ပဲ အယောင်ဆောင်ထားတဲ့ စစ်ကောင်စီထောက်လှမ်းရေး တွေသာ ဖြစ်ကြောင်းကို Irrawaddy Burmese ရဲ့ သတင်းတင်ဆက်မှုမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းကြည့်ရှု့ရန် – Link