Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>PDF – လှည်းကူး မှ ဦးဖြိုးမင်းသိန်းနဲ့ မိသားစုကို သတိပေး ဆိုတဲ့ထုတ်ပြန်ချက်အတု
နိုင်ငံရေး

PDF – လှည်းကူး မှ ဦးဖြိုးမင်းသိန်းနဲ့ မိသားစုကို သတိပေး ဆိုတဲ့ထုတ်ပြန်ချက်အတု

အောက်တိုဘာ ၃ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်​ကောင်စီ မှ အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်​တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းကနေ သက်သေထွက်ဆိုခဲ့ပါတယ်။
ဒီဖြစ်စဥ်​တွေ ထွက်ပေါ်လာပြီးနောက်မှာ​တော့ Hlegu Defence Force – Hlegu PDF က​နေ စစ်ကောင်စီအလိုတော်ရိ ဖြိုးမင်းသိန်းအား သတိပေးခြင်းဆိုတဲ့ ထုတ်ပြန်ချက်ထွက်ပေါ်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာဆိုရင် ​”ဒေါ်​အောင်ဆန်းစုကြည်ကို သစ္စာ​ဖောက်ခဲ့တဲ့ အတွက်၊ ​ဇနီး​ ​ဒေါ်ခင်မိမိကြွယ်အပါအဝင် သူရဲ့ ​ဆွေမျိုးအားလုံးရဲ့ အသကွလုံခြုံမှုကို အာမခံ မခံနိုင်​ကြောင်း ​ကြေငြာလိုက်သည်။” လို ​ဖော်ပြထားပါတယ်။
ဒီ​ကြေငြာချက်​နဲ့ ပတ်သက်လို့အချက်အလက် စစ်​ဆေး​ပေးရန် တွေးပြီးမှယုံကို ပြည်သူတဦးမှ လာရောက်ပေးပို့ခဲ့ပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာ​တော့ Hlegu Defence Force – Hlegu PDF page မှ ဒီ​ကြေငြာချက်ဟာ အတုသာဖြစ်တယ်လို့ ယခုလို  ထုတ်ပြန်​ကြေငြာထားတာကို ​တွေ့ခဲ့ရပါတယ်။ ​
ယမန်နေ့ညပိုင်းက Facebook, Messenger, Instagram နဲ့ WhatsApp Applicationတို့ရဲ့ Server များ တကမ္ဘာလုံးကျခဲ့ပြီး ယနေ့မနက်ပိုင်းမှပြန်ရလာတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သတင်းတုတွေ ပြန့်နှံ့လွယ်တဲ့အချိန်လည်းဖြစ်တာကြောင့် သတင်းဖတ်ရှုတဲ့အခါ သတိထားစေလိုပါတယ်။ သတင်းတုလို့ယူဆ ရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်ပေးပို့ဆက်သွယ်နိုင်ပါတယ်။
%d bloggers like this: