NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့ကနေ လက်နက်ကိုင် တော်လှန်ရေးဟာ ကျဆုံးသွားဖြစ်ကြောင်းနဲ့ PDF တွေအနေနဲ့ စစ်ကောင်စီထံ လက်နက်ချ အညံ့ခံကြဖို့ တိုက်တွန်းထားတဲ့ စာတွေဟာ Facebook မှာ အများအပြား ပြန့်နှံ့လာနေပါတယ်။
ဒီစာတွေမှာဆိုရင် ဒေါက်တာဇော်ဝေစိုးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ Facebook အကောင့်တွေကနေ တင်ထားသယောင် ဖန်တီးထားတာကို တွေ့မြင်နိုင်ပါတယ်။
နောက်ဆက်တွဲ အနေနဲ့တော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ PDF တွေက စကစ ထံ တကယ်ပဲ အလင်းဝင်နေကြောင်း လူဦးရေစာရင်းနဲ့ပါ ထပ်မံ ဖြန့်ဝေလာတာကိုပါ သတိထားမိခဲ့ပါတယ်။
တွေးပြီးယုံကနေ ဒီ စာတွေနဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အဆိုပါပုဂ္ဂိုလ်တွေက ရေးသားခဲ့တယ်လို့ သူတို့ရဲ့ Facebook Page တွေမှာ မတွေ့ခဲ့ရသလို သူတို့ကနေ ဒီလို ပန်ကြားခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားခဲ့ကြတာမျိုးကိုလည်း မတွေ့ခဲ့ရပါ။
အောက်တိုဘာ၊ ၁၃ ည ၇ နာရီမှာတော့ ဒေါက်တာဇော်ဝေစိုးရဲ့ Facebook Page မှ ဒါဟာ သူတကယ်ရေးသားမထားခဲ့တဲ့ စာ ဖြစ်ကြောင်း ယခုလို ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
အောက်က လင့်ခ်မှာကြည့်ပါ –
တကယ်မှာတော့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေကို အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။
PDF တွေ လက်နက်ချ အလင်းဝင်ခဲ့တယ် ဆိုတဲ့ သတင်းတွေမှာလည်း အခုချိန်ထိတိုင် သတင်းမီဒီယာတွေမှာ ဖော်ပြလာတာမျိုး မတွေ့ခဲ့ရသလို စကစ ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကလည်း ကြေငြာလာတာမျိုး အခုချိန်ထိ မတွေ့ခဲ့ရသေးပါ။
ယခင်က သတင်းတု ဖန်တီးခဲ့တဲ့ ပုံစံတွေမှာ သတင်းဓါတ်ပုံတွေကိုသာ ပြုပြင်ဖော်ပြလာခဲ့ကြပေမဲ့လို့ အခုခါမှာတော့ တစုံတယောက်ကနေ သတင်းရေးသားခဲ့သယောင်ပါ ဖန်တီးဖော်ပြနေတာကို သတိထားတွေ့နေရပါတယ်။
သတင်းတုလို့ယူဆ ရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်ပေးပို့ဆက်သွယ်နိုင်ပါတယ်။