Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဦးရဲထွဋ် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား
နိုင်ငံရေး

ဦးရဲထွဋ် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

ပြန်ကြား​ရေးဝန်ကြီး​ဟောင်း ဦးရဲထွဋ်ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတခုဟာ နိုဝင်ဘာ၊ ၁၀ မနက်အ​စောပိုင်းမှာ တပ်​ထောက်ခံတဲ့ Facebook Acc တချို့နဲ့ Telegram Channel တချို့က​နေ စတင်ပြန့်နှံ့လာခဲ့ပြီး သတင်း​အေဂျင်စီ တခုကပါ တင်ဆက်ခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ်ရဲ့ Facebook အ​ကောင့်မှ ဒါဟာ သတင်းအမှား တခုသာဖြစ်တယ်လို့ ဒီ​နေ့(နိုဝင်ဘာ၊ ၁၀)မနက် ၉:၄၈ မိနစ်မှာပြန်လည်​ဖြေရှင်းထားခဲ့ပါတယ်။
ဒါ့အပြင် သတင်းတင်ဆက်ခဲ့တဲ့ ​သတင်း​အေဂျင်စီမှလည်း ၎င်းတို့ သတင်းအမှားတင်ဆက်ခဲ့မိ​ကြောင်း ​ပြန်လည်တင်ဆက်လာပြီး ပိုစ့်အားပြန်လည်ဖြုတ်ချခဲ့ပါတယ်။
ဒီလို သတင်းထူး၊ သတင်းဦး​တွေကို ​တွေ့လာခဲ့ရင် သက်ဆိုင်ရာအလိုက် ​ဖေ့ဘွတ်ခ်အ​ကောင့်​တွေနဲ့ ​ဖေ့ဘွတ်ခ်စာမျက်နှာ​တွေက​နေတဆင့် သတင်းအမှန် ဟုတ်၊မဟုတ် စိစစ်နိုင်ပါတယ်။
ဒါ့အပြင် လတ်လပ်တဲ့ တရားဝင်မီဒီယာ​တွေရဲ့ သတင်း​တွေကို ​စောင့်ကြည့်ဖတ်ရှု့ပြီး အခက်အခဲ​တွေ့ခဲ့ရင်လည်း ​တွေးပြီးယုံရဲ့ Chat box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။
Seen by အင်နိုးဆန့်​လေး at 11:06 AM
%d bloggers like this: