Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးကားကို ​ဒေသခံ တဦးက အ​သေခံတိုက်တယ်ဆိုတဲ့ ဗွီဒီယိုအတု
နိုင်ငံရေး

ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးကားကို ​ဒေသခံ တဦးက အ​သေခံတိုက်တယ်ဆိုတဲ့ ဗွီဒီယိုအတု

ဒီသတင်းဗွီဒီယိုဖိုင်ဟာ နိုဝင်ဘာ၊ ၂၃ ရက်​နေ့ကစလို့ ​Facebook သုံးစွဲသူ​တွေအကြားမှာ အများအပြား ပျံ့နှံ့လာ​နေပါတယ်။ သတင်းမှာဆိုရင် ကားနှစ်စီး အရှိန်းပြင်းပြင်းနဲ့ မျက်နှာချင်းဆိုင် တိုက်ခဲ့ကြတဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ​ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးရဲ့ ကားကို ​ဆော​ဒေသခံတဦးက​နေ အ​သေခံတိုက်ခဲ့ပြီး ဗျူဟာမှူးနဲ့ စကစ အဖွဲ့ဝင် ၄ ဦး​သေဆုံးခဲ့တယ်လို့ ​​ဖော်ပြထားပါတယ်။

ဒီသတင်း ဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ ဒီဖြစ်စဥ်ဟာ မြန်မာနိုင်ငံက ဖြစ်စဥ်မဟုတ်ပဲ ​အောက်တိုဘာ ၁၇ ရက်​နေ့က အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ် ထဲမှာ ယာဥ်တိုက်မှု ဖြစ်စဥ်ဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်​နေပါတယ်။ ဒီဖြစ်စဥ်​ကြောင့် ယာဥ်​မောင်းတဦး ​သေဆုံးခဲ့တယ်လို့ ဒီဗွီဒီယိုဖိုင်ကို ဒီလင့်ခ်မှာ ဝင်​ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီလို ဖြစ်စဥ်တလွဲက ဓါတ်ပုံ​တွေ၊ ဗွီဒီယိုဖိုင်​တွေကို အသုံးချပြီး သတင်းအမှားဖြန့်တာ​တွေဟာ မကြာခဏ ​ပေါ်ထွက်လာ​လေ့ရှိပါတယ်။ သတင်းအမှား၊ အမှန် ယုံကြည်ဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း ​တွေးပြီးမှယုံရဲ့ Chat box ကို လာ​ရောက် ​မေးမြန်းနိုင်ပါတယ်။

%d bloggers like this: