Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>KIA + PDF ​တွေက ဧရာဝတီမြစ်​ကြောင်းမှာသွားလာ​နေတဲ့ ခရီးသည်တင်​ရေယာဥ်​တွေကို ပစ်ခတ်​​နေတယ်လို့ သတင်းတုဖြန့်​နေ
နိုင်ငံရေး

KIA + PDF ​တွေက ဧရာဝတီမြစ်​ကြောင်းမှာသွားလာ​နေတဲ့ ခရီးသည်တင်​ရေယာဥ်​တွေကို ပစ်ခတ်​​နေတယ်လို့ သတင်းတုဖြန့်​နေ

ဧရာဝတီမြစ်​ကြောင်းထဲမှာ သွားလာ​နေတဲ့ ခရီးသွားပြည်သူ​တွေကို KIA + PDF က​နေ လက်နက်ကြီး၊ လက်နက်ငယ်​တွေနဲ့ ပစ်ခတ်တိုက်ခိုက်​နေတယ်ဆိုတဲ့ ရုပ်သံအလွဲ တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ယနေ့ ပြန့်နှံ့နေပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ “ဧရာဝတီမြစ်ကြောင်းမှာ ဗန်းမော် ရွှေကူ ကသာခရီးစဉ် ခရီးသည်တင်ယာဉ်ကို အကြမ်းဖက် သမား kia + pdf များမှ လက်နတ်ကြီး၊ လက်နတ်ငယ်များ ဖြင့် ဝိုင်းပြစ်သွားတဲ့ ရုပ်သံ” လို့ရေးသားထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့နေခဲ့ပါတယ်။ အဆိုပါ ရုပ်သံဖိုင်မှာဆိုရင် မြစ်ကြောင်းတစ်ခုမှာ သွားလာနေတဲ့ ရေယာဉ်တစ်စီးကို လက်နက်ကြီးနဲ့ အဝေးကလှမ်းပစ်နေတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

ဒီဗီယိုဖိုင်ကို စတင်ဖြန့်ဝေတဲ့နေရာကတော့ Subscrices 28 ဦးသာရှိသေးတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုကပဲဖြစ်ပါတယ်။ ဒါကိုပြန် credit ပေးပြီး Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ “ဝဏ္ဏမီယာ” “သာကီသွေး သာကီသွေး” “Ko Nyein Chan Tun” စတဲ့ Facebook အကောင့်တွေကနေ ပြန်လည်ဖြန့်ဝေနေကြပါတယ်။

ဖြစ်စဉ်အမှန်မှာ ဆိုရင် – နိုဝင်ဘာ၊ ၂၂ ရက်​နေ့က ချင်းတွင်းမြစ် အထက်ပိုင်းကို ရိက္ခာနဲ့ တပ်ကူ​တွေ သွားပို့​နေတဲ့ စကစရဲ့ ကုန်တက်အမြန်ယာဥ်နှစ်စီးနဲ့ ​ရေတပ်သုံးစပိဘုတ်တစီးတို့ကို မဟာမိတ်ညီ​နောင်တပ်​ပေါင်းစုမှ ပစ်ခတ်တိုက်ခတ်ခဲ့တဲ့ ဗွီဒီရိုဖိုင်သာ ဖြစ်​နေပါတယ်။ ယင်း​ပျောက်ကြားတိုက်ပွဲမှာ စကစ ဘက်မှ အကျအရှုံးရှိနိုင်​သော်လည်း မဟာမိတ်ညီ​နောင်တပ်​ပေါင်းစုမှ အထိအခိုက်မရှိ ​ဆုတ်ခွာနိုင်ခဲ့​​ကြောင်း People’s Defence Army – Yinmarbin ​ပေ့ချ်က​နေ ယခုလို  ​ကြေငြာထားခဲ့ပါတယ်။

ဒီသတင်းတုဟာဆိုရင် ဗီဒီယိုဖိုင် အဟောင်းကို အသုံးပြုပြီး ဖြစ်စဥ်၊ နေရာတလွဲ​တွေနဲ့ ရေးသားဖြန့်ဝေထားတဲ့ သတင်းတု တစ်ခုပါ။ ဒီလို သတင်းဗွီဒီယိုဖိုင်​တွေ၊ ဓါတ်ပုံ​တွေကို သုံးပြီး သတင်းတု​တွေကို ဖန်တီးဖြန်ချီမှု​တွေဟာ မကြာခဏဆိုသလို ​ပျံ့​နှံ့​နေပါတယ်။ ဒါ​ကြောင့် လွတ်လပ်တဲ့ တရားဝင်မီဒီယာ​တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း​တွေရဲ့ ​ကြေငြာချက်​တွေကို ​စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်း​တွေ ​စောင့်ကြည့်ဖတ်ရှု့ရင်း အခက်အခဲ​တွေ့ခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ chat box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်။

%d bloggers like this: