Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အသံတိတ်သပိတ်ကို ရက်​ပြောင်းလုပ်ရန် NLD ပါတီ ထုတ်ပြန် ဆို​တဲ့ ​ကြေငြာချက်အတုဖြန့်​နေ၊ အသံတိတ်သပိတ် အား​လျော့​စေရန် ဖြန့်​ဝေခြင်းဖြစ်
နိုင်ငံရေး

အသံတိတ်သပိတ်ကို ရက်​ပြောင်းလုပ်ရန် NLD ပါတီ ထုတ်ပြန် ဆို​တဲ့ ​ကြေငြာချက်အတုဖြန့်​နေ၊ အသံတိတ်သပိတ် အား​လျော့​စေရန် ဖြန့်​ဝေခြင်းဖြစ်

ဒီဇင်ဘာ၊ ၁၀ ရက်​နေ့မှာ ပြုလုပ်ဖို့ လှုံ့​ဆော်​နေကြတဲ့ အသံတိတ်သပိတ်၊(silent strike) ကို ရက်​ရွှေ့ဆိုင်းဖို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ(NLD) က​နေ ထုတ်ပြန်တယ်ဆိုတဲ့ ​ကြေငြာချက်တခုဟာ လူမှုကွန်ယက်စာမျက်​နှာတွေမှာ ပြန့်နှံ့​နေပါတယ်။
​ကြေငြာချက်မှာဆိုရင် “ဒီဇင်ဘာ၊ ၁၀ ဟာ ​သောကြာ​နေ့ဖြစ်တာ​ကြောင့် မွတ်ဆလင်များ ဘုရားဝတ်ပြုရန် ကိစ္စရပ်များရှိသဖြင့် ​ရက်​ရွှေ့​ပြောင်းရန်” လို့ ​ဖော်ပြထားပါတယ်။ ဒီ​ကြေငြာချက်အတုကို တပ်ကြပ်ကြီးဖိုးစီ၊ Kyaw Swar စတဲ့ အာဏာသိမ်းစစ်​ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်​​တွေက​နေ စတင်ဖြန့်​ဝေလာပါတယ်။ ဒီက​နေမှတဆင့် ​ဖေ့ဘွတ်ခ်မှာလည်း ထပ်ဆင့်ဖြန့်​ဝေမှု​တွေ ရှိ​နေပါတယ်။

အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံအ​နေနဲ့ NLD ပါတီရဲ့ တရားဝင် ​ဖေ့ဘွတ်ခ် မှာ တိုက်ဆိုင်စစ်​ဆေးခဲ့ရာမှာ​တော့ ဒီ​ကြေငြာချက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာမျိုး လုံးဝမ​တွေ့ခဲ့ရပါ။ဒါအပြင် NLD ပါတီ၊ ထိပ်ပိုင်း ​ခေါင်း​ဆောင်​တွေရဲ့ သက်ဆိုင်ရာ ​ဖေ့ဘွတ်ခ် ​ပေ့ချ်နဲ့ အ​ကောင့်​တွေမှာ ​လည်း ထုတ်ပြန်ထားတာမျိုး မ​တွေ့ခဲ့ရပါ။

ဒီလို ​ကြေငြာချက်အတုဟာ ဒီဇင်ဘာ၊ ၁၀ ရက်​နေ့မှ ပြုလုပ်မဲ့ အသံတိတ်သပိတ်ကို အား​လျော့​စေရန်နဲ့ လူအများစိတ် ​ဝေဝါး​စေရန် ဖြန့်​ဝေထားတာသာဖြစ်ပါတယ်။
ဒါ​ကြောင့် ဒီလို​ကြေငြာချက်​တွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာအဖွဲ့အစည်း​တွေရဲ့ တရားဝင် ​ဖေ့ဘွတ်ခ်​ပေ့ချ်​တွေ၊ အ​ကောင့်​တွေနဲ့ တရားဝင်လွတ်လပ်တဲ့မီဒီယာ​တွေရဲ့ ​ဖော်ပြချက်​တွေကိုသာ ယုံကြည်မျှ​ဝေကြဖို့ တိုက်တွန်းပါတယ်။ သတင်း​တွေဖတ်ရှု့ရင်း အခက်အခဲရှိခဲ့ရင်လည်း ​တွေးပြီးမှယုံရဲ့ chat box မှာ လာ​ရောက်စစ်​ဆေး​မေးမြန်းနိုင်ပါတယ်။
%d bloggers like this: