Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်အေးချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှုအချို့ကို ပြန်ရုတ်သိမ်းမယ်လို့ ဗိုလ်ချုပ်​ဇော်မင်းထွန်း ​ပြောခဲ့လား။
နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်အေးချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှုအချို့ကို ပြန်ရုတ်သိမ်းမယ်လို့ ဗိုလ်ချုပ်​ဇော်မင်းထွန်း ​ပြောခဲ့လား။

ဒေါ်​အောင်ဆန်းစုကြည်က နိုင်ငံ​တော် ငြိမ်းချမ်း​အောင်လုပ်​ပေးပါက အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်း​ပေးမယ်လို့ အာဏာသိမ်းစစ်တပ်​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်း က ​​ပြောတယ်ဆိုတဲ့ သတင်းတုတခုပြန့်နှံ့​နေပါတယ်။
ဒီဇင်ဘာ ၁၅ရက်နေ့က Revolution News ဆိုတဲ့ Page ကနေ “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့်အမှု ၁၇ခုမှ ၇ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော် အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” ဆိုပြီး တင်ထားခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ သတင်းတုမှာ ကြိုက်နှစ်သက်သူ ၄၆၀၀ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၂၂၄၆ ယောက်ရှိနေပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ဖို့ရာ အာဏာသိမ်းစစ်တပ်​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းရဲ့ သတင်းစာရှင်းလင်း​ပွဲ​တွေကို ရှာ​ဖွေနား​ထောင်ကြည့်ရာမှာ​တော့ ​နောက်ဆုံးသတင်းစာရှင်းလင်းပွဲဖြစ်တဲ့ နိုဝင်ဘာ၊၂၆ ​နေ့က သတင်းစာရှင်းလင်းပွဲအထိ အဲ့လို ​ပြောထားတာမျိုး မ​တွေ့ခဲ့ရပါ။တခြား ပြည်တွင်းမှာရှိတဲ့ ယုံကြည်ရတဲ့ မီဒီယာတွေကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ရေးသားဖော်ပြထားတာမျိုး မတွေ့ရှိခဲ့ရပါ။ ဒါ့ကြောင့် ဒီသတင်းမှာ သတင်းတုတခုသာဖြစ်နေပါတယ်။
သတင်းတုတင်ထားတဲ့ Revolution News Page မှာလဲ တခြားမီဒီယာများမှ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်ကူးယူပြီးတင်သလို အရင်းအမြစ်မရှိတဲ့ သတင်းတွေကိုလဲ Credit ပေးပြီး ရေးသားဖော်ပြထားတာကိုတွေ့ရှိရပါတယ်။
​ဒေါ်​အောင်ဆန်းစုကြည်ကို NUG, CRPH ကိစ္စနဲ့ ပတ်သက်ပြီး သူ့​ရှေ့​နေက​နေတဆင့် ​မှတ်ချက်​ပေးခွင့်ပြုထားတယ်လို့ အာဏာသိမ်းစစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က​နေ ဒီဇင်ဘာ၊ ၁၃ ရက်​နေ့ကပြုလုပ်တဲ့ စစ်​ကောင်စီအစည်းအ​ဝေးမှာ ​​ပြောကြားခဲ့တယ်လို့ သတင်း​တွေ ထွက်​ပေါ်လာခဲ့ပြီးနောက်မှာ​တော့ ဒီလို သတင်း​တွေဟာ ဆက်တိုက်ထွက်​ပေါ်လာတာပါ။ ဒီအ​ကြောင်းကို ​BBC တင်ဆက်ထားတဲ့ ​ဒီသတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။
စာဖတ်သူတွေအနေနဲ့ ကိုးကားဖော်ပြချက်တွေကိုသတိထားသင့်ပါတယ်။ အဲ့နေ့မှာပြောသွားသယောင် သတင်းတုဖန်တီးတာမျိုးဟာ စာဖတ်သူတွေကို တစ်စုံတစ်ရာ တွေဝေသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ယုံကြည်ရတဲ့သတင်းဌာနတွေဆီမှာ သွားရောက် စစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ သတင်းတုလို့ ယူဆရရင်လည်း တွေးပြီးမှယုံရဲ့ Chat box သို့လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: