Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ပုံတလွဲသုံးခံ​နေရတဲ့ ကယားစစ်​ဘေး​ရှောင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှု
တိုင်းရင်းသားနိုင်ငံရေး

ပုံတလွဲသုံးခံ​နေရတဲ့ ကယားစစ်​ဘေး​ရှောင်များ အစုလိုက်အပြုံလိုက် အသတ်ခံရမှု

ကရင်နီပြည်(ကယားပြည်နယ်) မှ စစ်​ဘေး​ရှောင်​တွေကို အာဏာသိမ်းစစ်တပ် မှ သတ်ဖြတ်ခဲ့တာ​ကြောင့် အမျိုးသမီး​တွေနဲ့ က​လေး၊ သူငယ်​တွေအပါအဝင် လူ (၃၈) ​ဦးထက်မနည်း ​သေဆုံးခဲ့ရပါတယ်။ ဒါနဲ့ မ​​ရှေးမ​​နှောင်းမှာပဲ ကားတစီး​ပေါ်မှာ က​လေးငယ်​တွေ အပါအဝင် တင်​ဆောင်ထားတဲ့ ပုံတပုံနဲ့ ကယားပြည်နယ်က ဖြစ်စဥ်က ပုံ​တွေကို တွဲလျက်​ဖော်ပြလာကြပြီး သတ်ဖြတ်ခံရသူ​တွေပါလို့ ဖြန့်​ဝေလာကြပါတယ်။ ဖြန့်​ဝေမှု​တွေထဲမှာ သတင်းမီဒီယာတချို့လည်း ပါဝင်ခဲ့ပါတယ်။
​တွေးပြီးမှယုံက​နေ ဒီသတင်းဓါတ်ပုံ​တွေနဲ့ စပ်ဆက်လို့ စစ်​ဆေးကြည့်တဲ့အခါမှာ​တော့ ဖြစ်စဥ်အမှန်ကို ပုံတလွဲ​တွေနဲ့ဖြန့်​ဝေ​နေတာကို ​တွေ့ခဲ့ရပါတယ်။
တကယ်​တော့ စစ်​ဘေး​ရှောင်​တွေကို တင်ထားတဲ့ ပုံ​တွေဟာ ကယားပြည်နယ်က စစ်​ဘေး​ရှောင်​တွေရဲ့ ဓါတ်ပုံ​တွေမဟုတ်ပဲ ​လေး​ကေ့​ကော်တိုက်ပွဲအတွင်းက ထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးတိမ်း​ရှောင်ရတဲ့ စစ်​ဘေး​ရှောင်​​တွေရဲ့ ပုံသာဖြစ်​နေပါတယ်။ ​အာဏာသိမ်းစစ်တပ်က ​တိုက်​လေယာဥ်​တွေနဲ့ လက်နက်ကြီး​တွေသုံးပြီး အဆင်ခြင်မဲ့တိုက်ခိုက်မှု​တွေ​ကြောင့် ​လေး​ကေ့​ကော် က​နေ စွန့်ခွာထွက်​ပြေးလာပြီး မဲ့​ဆောက်မြို့၊ မဲ့​သောင်ကန်ရပ်ကွက်၊ စာ​သင်​ကျောင်းမှာ ခိုလှုံ​နေကြတဲ့ စစ်ဘေး​ရှောင်ဒုက္ခသည်​တွေကို ဒီဇင်ဘာ၊ ၂၅ ရက်​နေ့က၊ ဖုတ်ဖရမြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကတင်း​​ကျေးရွာအနီးက စစ​ဘေး​ရှောင်စခန်းကို ​ပြောင်း​ရွှေ့​နေတဲ့ ပုံ​တွေသာဖြစ်ပါတယ်။ ဒီသတင်းကို ဒီဇင်ဘာ၊ ၂၅ ရက်​နေ့က DVB က ထုတ်လွှင့်ထားတဲ့ ​သတင်း မှာ ဝင်​ရောက်ဖတ်ရှု့နိုင်ပါတယ်။
ဒါအပြင် မီးရှို့ဖျက်ဆီးခံထားရတဲ့ ကား​မှာပါတဲ့ ​ဘေးကိုင်း​တွေနဲ့ စစ်​ဘေး​ရှောင်​တွေ တင်ထားတဲ့ ကားပုံစံမှာလည်း မတူညီတာကို ​တွေ့နိုင်ပါတယ်။
ကယားပြည်နယ်က ဖြစ်စဥ်ထဲမှာ INGO တခုဖြစ်တဲ့ Save the Children က ကားတစီးနဲ့အတူ ဝန်ထမ်းနှစ်ဦးလည်း ​အဆက်အသွယ်​ပျက်​တောက်​နေတယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်လိုမျိုး ဖြစ်လာတဲ့အခါတိုင်းမှာ ခုလို ​ရော​ထွေး သတင်း​တွေဟာ မကြာခဏဆိုသလို ​ထွက်​ပေါ်လာပါတယ်။ သတိထားမိမယ်ဆိုရင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြပြည်သူ​တွေကို စကစအဖွဲ့​ဝင်​တွေက ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဖြစ်စဥ်​နောက်ပိုင်းမှာလည်း အခုလိုမျိုး ​ပုံအ​ဟောင်း​တွေသုံးပြီး ဖြန့်​ဝေတာ​တွေ ရှိခဲ့ပါ​သေးတယ်။ဒါ​ကြောင့် သတင်း​တွေ ဖတ်မယ်ဆိုရင်၊ ဖြန့်​ဝေမယ်ဆိုရင် သတင်းဌာန တခုတည်းနဲ့ မယုံကြည်ရရင် တခြား သတင်းဌာန​တွေကို ​စောင့်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အခုလိုမျိုး ပဋိပက္ခဖြစ်စဥ်​တွေ ထူ​ပေါ​နေတဲ့ အချိန်အခါမှာ သတင်း​တွေဟာ စစ်​ဆေးအတည်ပြုဖို့လည်း လိုအပ်ချက်တွေ ရှိလာ​နေပါတယ်။ သတင်း​တွေဖတ်ရင်း တစုံတရာခက်ခဲခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ chat box မှာ လာ​ရောက် စစ်​ဆေး​မေးမြန်းနိုင်ပါတယ်။
%d bloggers like this: