Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>လေး​ကေ့​ကော်မှာ စစ်တပ်ရဲ့ ဂျက်ဖိုက်တာ တစီးကို ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုဖိုင်အ​ဟောင်းကို ပြန်သုံးပြီးဖြန့်​နေ
နိုင်ငံရေး

လေး​ကေ့​ကော်မှာ စစ်တပ်ရဲ့ ဂျက်ဖိုက်တာ တစီးကို ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုဖိုင်အ​ဟောင်းကို ပြန်သုံးပြီးဖြန့်​နေ

ကရင်ပြည်နယ်၊ ​လေး​ကေ့​ကော်မြို့ကို အာဏာသိမ်းစစ်တပ်က​နေ တိုက်​လေယာဥ်​တွေ၊ လက်နက်ကြီး​တွေနဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်​နေရင်း ဂျက်ဖိုက်တာ တစီးကို ​တော်လှန်​ရေးတပ်ဖွဲ့တခုက​နေ ပစ်ချနိုင်ခဲ့တယ် ဆိုတဲ့ သတင်းတုဟာ ပြန့်နှံ့​နေပါတယ်။
ဒီသတင်းဟာ မ​နေ့ (၂၅,၁၂,၂၀၂၁) တည်းက ပြန့်​နှံ့​နေတာဖြစ်ပြီး​တော့ ဒီ​နေ့ မနက်ပိုင်းမှာ​တော့ သတင်းမီဒီယာတခုက တင်ဆက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ ဒီတင်ဆက်ထားတဲ့ သတင်းကို လိုသလို ကူးယူ​ဖော်ပြပြီး မီဒီယာနံမည်ကို Crd ​ပေးဖြန့်​နေတာလည်း အများအပြားရှိလာသလို ​လေး​​ကေ့​ကော်မှာ ပစ်ချလိုက်တဲ့ ဗွီဒီယိုဖိုင်ဆိုတဲ့ ဖိုင်တခုဟာလည်း ပြန့်နှံ့​​နေပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စိစစ်ခဲ့ရာမှာ​တော့ ဒါဟာ သတင်းအမှားတခုသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။
​လေး​ကေ့​ကော်မှာ ဂျက်ဖိုက်တာ တစီးကိုဖျက်ချနိုင်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ကရင့်သတင်းရင်းမြစ်​တွေမှာ ​ဖော်ပြထားတာမျိုး မ​တွေ့ရ​သေးသလို တခြား သတင်းမီဒီယာ အသီးသီးမှာလည်း ​ဖော်ပြလာတာမျိုး ​မ​တွေ့ရ​သေးပါ။
​နောက်ထပ် ပြန့်နှံ့​နေတဲ့ ဗွီဒီယိုဖိုင်ကို ဆက်လက် စစ်​ဆေးကြည့်ရာမှာ​တော့ ၂၀၁၆ ခုနှစ်တွင်းက တူရကီ​တောင်ပိုင်းမှာ ရုရှားဂျက်ဖိုက်တာ တစီး ပစ်ချခံလိုက်ရတဲ့ ဖိုင်သာ ဖြစ်​နေပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ရင်းမြစ်ကို လိုက်လံစစ်​ဆေးရာမှာ​တော့ ၂၀၁၆ က​နေ ၂၀၁၉ ခုနှစ်​လောက်အထိ ရက်စွဲအမျိုးမျိုးနဲ့ အင်တာနက်မှာ ဖြန့်​ဝေထားခဲ့တာကို ​တွေ့ခဲ့ရပါတယ်။ ​အောက်က လင်ခ့်​တွေမှာ ​ဝင်ကြည့်ရှု့နိုင်ပါတယ်။
အာဏာသိမ်းစစ်​တပ်ဟာ ဒီဇင်ဘာ၊ ၂၃ က​နေစလို့ ကရင့်အမျိုးသားအစည်းအရုံး(KNU) နဲ့ ယင်းတို့အကြား ငြိမ်းချမ်း​ရေးအထိမ်းအမှတ် မြို့တည်ထားခဲ့တဲ့​ ​လေး​ကေ့​ကော် မြို့ကို တိုက်​လေယာဥ်​တွေ၊ လက်နက်ကြီး​တွေ သုံးပြီး အဆင်ခြင်မဲ့ တိုက်ခိုက်ခဲ့တာ​တွေ​ကြောင့် ​ထောင်​နေချီတဲ့ ​ဒေသခံ​တွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်​ပြေး​နေရပါတယ်။
အခုလိုမျိုး တခြားဖြစ်စဥ်တခုက ဗွီဒီယိုဖိုင်​တွေ၊ ဓါတ်ပုံ​တွေကို သုံးပြီး အခုပဲ ဖြစ်​နေသ​ယောင် သတင်းတု ဖြန့်​ဝေတာ​တွေဟာ မကြာခဏဆိုသလို ပြန့်နှံ့​နေပါတယ်။ စာဖတ်သူ​တွေ အ​နေနဲ့ ဒီလို သတင်း​တွေ၊ ဗွီဒီယိုဖိုင်​တွေကို ​တွေ့ရင် အလွယ်တကူမယုံကြည်ကြဖို့နဲ့ ဆက်လက်မမျှ​​ဝေကြပဲ Google Image Search, Reverse Image Search စတဲ့ ဆင်တူဓါတ်ပုံ စစ်​ဆေးတဲ့ ​နေရာ​တွေမှာ အလွယ်တကူစစ်​ဆေးနိုင်သလို အခက်အခဲ တစုံတရာရှိခဲ့ရင်လည်း ​တွေးပြီးမှယုံ ရဲ့ chat box မှာ လာ​ရောက်​မေးမြန်းကြဖို့ ​ဖိတ်​ခေါ်ပါတယ်။
%d bloggers like this: