Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါက်တာဇော်ဝေစိုးက အီတလီက နံမည်ကြီး စား​သောက်ဆိုင်မှာ မှာယူစား​သောက်​နေတယ်ဆိုတဲ့ လုပ်ကြံ သတင်းဓါတ်ပုံ
နိုင်ငံရေး

ဒေါက်တာဇော်ဝေစိုးက အီတလီက နံမည်ကြီး စား​သောက်ဆိုင်မှာ မှာယူစား​သောက်​နေတယ်ဆိုတဲ့ လုပ်ကြံ သတင်းဓါတ်ပုံ

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာ နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ လူပုဂ္ဂိုလ်တချို့ဟာ အီတလီနိုင်ငံက စား​သောက်ဆိုင်မှာ မှာယူစား​သောက်​နေတယ်ဆိုတဲ့ လုပ်ကြံ သတင်းဓါတ်ပုံတု တခုဟာ ပြန့်နှံ့​နေပါတယ်။ ဝဏ္ဏ လို့ နာမည်ရှိတဲ့ ​ဖေ့ဘွတ်ခ် အ​ကောင့်တခုက​နေ မနေ့ (၃၊၁၊၂၀၂၂) ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ဖြန့်ဝေလာပါတယ်။

သတင်းမှာဆိုရင် “ခင်ဗျားတို့ကသာ၊တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယူနေလေရဲ့၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေးတော့ အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊”(မူရင်းအာ​ပေါ်အတိုင်း) ဆိုပြီး ရေးသားထားပါတယ်။ သတင်းတုကို ကြိုက်နှစ်သက်သူ ၈၀၀၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၂၀၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ Google image search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးရာမှာတော့ သတင်းမှာပါတဲ့ပုံမှာ ဩဂုတ်၊ ၇၊ ၂၀၁၆ ခုနှစ်က ပုံသာဖြစ်နေပါတယ်။ Rotary Club of Yangon နံမည်ရှိတဲ့ ​ဖေ့ဘွတ်ခ် ​ပေ့ချ်ကနေ တင်ထားခဲ့တာ ဖြစ်ပြီး​တော့ လက်ရှိအချိန်မှာတော့ အဲ့ပုံ တင်ထားခဲ့တဲ့ page ကိုမတွေ့ရှိရတော့ပါဘူး။

ဒီလို သတင်း​တွေဟာ အာဏာသိမ်းစစ်တပ် ကို ဆန့်ကျင်​နေတဲ့ အင်အားစု​တွေအကြား မညီမျှမှု​တွေနဲ့ ​သွေးကွဲ​စေဖို့ ရည်ရွယ်ချက်နဲ့ သတင်းတု/မှား​တွေ သုံးပြီး တော်လှန်ရေးကို အားပျော့သွားအောင်လုပ်ထားပါတယ်။ သတင်းတုတင်ထားတဲ့ ဝဏ္ဏ ဆိုတဲ့ အကောင့်မှာလည်း အခြေအမြစ်မရှိတဲ့ သတင်းတွေကိုသာ ဆက်တိုက်တင်နေတာကိုတွေ့ရပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း သတင်းဖတ်ရှုတဲ့အခါ ယုံကြည်ရတဲ့ မီဒီယာတွေနဲ့ သက်ဆိုင်ရာ Page တွေမှာ သွားရောက်စစ်ဆေးတာမျိုးပြုလုပ်သင့်ပါတယ်။ သတင်းတုလို့ ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: