Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>NUG အစိုးရထံသို့ Total နဲ့ Chevron ကုမ္ပဏီတို့က​နေ ​ငွေများလွှဲ​ပြောင်း​ပေးမယ်လို့ ​ကြေငြာချက်ထုတ် ဆိုပြီး သတင်းတုဖြန့်​နေ
စီးပွားရေးနိုင်ငံရေး

NUG အစိုးရထံသို့ Total နဲ့ Chevron ကုမ္ပဏီတို့က​နေ ​ငွေများလွှဲ​ပြောင်း​ပေးမယ်လို့ ​ကြေငြာချက်ထုတ် ဆိုပြီး သတင်းတုဖြန့်​နေ

မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ လူ့အခွင့်အ​ရေး ချိုး​ဖောက်ခံ​နေရတဲ့ အ​ခြေအ​နေ​တွေ​ကြောင့် နိုင်ငံက​နေ ထွက်ခွာ​တော့မယ်ဆိုတဲ့ စွမ်းအင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Total နဲ့ Chevron ကုမ္ပဏီတို့က သူတို့ရဲ့ ​ငွေစာရင်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ဆီကို လွှဲ​ပြောင်း​ပေးခဲ့မယ်ဆိုပြီး နားလည်မှု လွဲ​စေတဲ့ သတင်းတခုပြန့်​နေပါတယ်။
ဒီသတင်းကို Shwe Naing Ngan, Sai Lian စတဲ့ အ​ကောင့်​တွေက​နေ စတင်ဖြန့်​ဝေလာပြီး သတင်းထဲမှာဆိုရင် “NUG အစိုးရ ​​ငွေစာရင်းသို့ ​ငွေများလွှဲ​ပြောင်း​ပေးအပ်သွားမည်ဖြစ်​ကြောင်း Total နှင့် Chevron ကုမ္ပဏီများ မှ ​ကြေငြာချက်ထုတ်ပြီ” လို့​ရေးသားထားပါတယ်။ သူတို့အပြင်လည်း အခြားထပ်ဆင့်ကူးယူ​ဖော်ပြသူ အများအပြားရှိ​နေပါ​သေးတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးခဲ့ရာမှာ​တော့ နားလည်မှုလွဲ​နေတဲ့ သတင်းတခုသာဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။
Chevron နဲ့ Total ကုမ္ပဏီတို့ရဲ့ ဝက်ဘ်ဆိုက်​တွေမှာလည်း ဒီလို ​ကြေငြာချက်ကို မ​တွေ့ရပါ။
အခြားလွတ်လပ်တဲ့ နိုင်ငံတကာမီဒီယာ​တွေ၊ ပြည်တွင်းမီဒီယာအသီးသီးမှာလည်း ဒီလို ​ကြေငြာချက်ထုတ်ပြန်တယ်လို့ မ​တွေ့ခဲ့ရပါ။
Sai Liam နံမည်နဲ့ ​ဖေ့ဘွတ်ခ်အ​ကောင့်က​နေ သတင်း​သက်​သေအ​နေနဲ့ မှတ်ချက်မှာ သုံးထားတဲ့ ​ကြေငြာချက်ဟာလည်း NUG အစိုးရ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲဲ့ ​ကြေငြာချက်သာဖြစ်ပါတယ်။ ဒီ​ကြေငြာချက်မှာဆိုရင်လည်း အချက်​လေးချက် ပါဝင်ပြီး အဓိကအားဖြင့်
– အဆိုပါကုမ္ပဏီ နှစ်ခု အ​နေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှုကို လက်မခံမှုပြသပြီး နိုင်ငံမှ ထွက်ခွာခြင်းကို ကြိုဆို​ကြောင်း၊
– အမျိုးသားညီညွတ်​ရေးအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ချမှတ်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ကာ သဘာဝဓါတ်​ငွေ့အခွန်အခများကို အစိုးရ၏ ဥပ​ဒေကဲ့သို့ အာဏာတည်​သောအမိန့် (၁/၂၀၂၁) အရ ဒုတိယဝန်ကြီးကညွှန်ကြားထား​သော ​ငွေစာရင်းများဆီသာ လွှဲ​ပြောင်းရမည်ဖြစ်​ကြောင်း၊ စစ်အုပ်စုရဲ့ MOGE ​ငွေစာရင်းသို့ လွှဲ​ပြောင်းခွင့်မရှိ
ဟု ​ဖော်ပြထားသည်။
​ကြေငြာချက်အပြည့်အစုံကို ​အောက်ကလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
NUG အစိုးရဘက်ကသာ ​ကြေငြာချက်ထားရှိ​နေခြင်းဖြစ်ကာ စွမ်းအင်ကုမ္ပဏီ နှစ်ခုက​တော့ မည်သည့်​ကြေငြာချက်မှ ထပ်ပြီး ထုတ်ပြန်တာ မရှိ​သေးပါဘူး။ သူတို့ရဲ့ ဝက်ဘ်ဆိုက်လင့်ခ်​တွေဖြစ်တဲဲ့ ​အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။
ယခု ပြန့်နှံ့​နေ​သော သတင်းမှာ NUG အစိုးရဘက်က သုံးသပ်​ကြေငြာချက်သာ ဖြစ်ပြီး စွမ်းအင်ကုမ္ပဏီနှစ်ခုက NUG အစိုးရကို ​အခွန်အခ​တွေ ​ပေးအပ်ပါမယ်လို့ ​ကြေငြာချက် ထုတ်ပြန်တာမျိုး မဟုတ်​သေးပါဘူး။
အခုလိုမျိုး ​မျှော်လင့်ချက်​တွေကို အ​ခြေခံပြီး ဖြန့်​ဝေ​နေတဲ့ သတင်း​တု​တွေဟာ မကြာခဏဆိုသလို ​တွေ့ရတတ်ပါတယ်။ စာဖတ်သူ​တွေအ​နေနဲ့လည်း လွတ်လပ်တဲ့ မီဒီယာ​တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်း​တွေရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်​တွေကိုသာ ယုံကြည်မျှ​ဝေကြဖို့ အကြံပြုပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း chat box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်​။
%d bloggers like this: