Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ဝ တပ်ဖွဲ့ဆီကနေ PDF တွေက လက်နက်တွေခိုးယူသွားတာကို ဖမ်းမိတယ်လို့ ပုံအမှားသုံးပြီး ဝါဒဖြန့်နေ
တိုင်းရင်းသား

ဝ တပ်ဖွဲ့ဆီကနေ PDF တွေက လက်နက်တွေခိုးယူသွားတာကို ဖမ်းမိတယ်လို့ ပုံအမှားသုံးပြီး ဝါဒဖြန့်နေ

မူးယစ်ဆေးဝါးဂိုဏ်းက အဖွဲ့ဝင်တွေရဲ့ ပုံကို ပြန်သုံးပြီးတော့ UWSA အဖွဲ့ဆီကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အဖွဲ့ဝင်တွေက နွေဦးတော်လှန်ရေးအတွက် လက်နက်ခိုးယူသွားတာ ဖမ်းမိတယ်ဆိုတဲ့ သတင်းတုတခု ပြန့်နှံ့နေပါတယ်။

ဒီသတင်းကို “သူရိယ နေ ဝန်း” နံမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ ဖြန့်ဝေခဲ့တာကို တွေ့ခဲ့ရပြီး သတင်းရင်းမြစ်အနေနဲ့ #minchitoo ဆိုသူအား ညွှန်းထားသည်။ ပြန်လည်မျှဝေသူအချို့နဲ့ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။

ဒီသတင်းဓါတ်ပုံနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေ တိုက်ဆိုင်စစ်ဆေးတဲ့ Reverse Image Search အသုံးပြုပြီး စစ်ဆေးကြည့်ရာမှာတော့ ဓါတ်ပုံအဟောင်းကို ပြန်သုံးပြီး PDF တွေကို တိုက်ခိုက်ဖို့ သတင်းတုဖြန့်ဝေထားတာကို တွေ့ခဲ့ရပါတယ်။ ၁၊ အောက်တိုဘာ၊ ၂၀၁၉ ခုနှစ်တွင်းက ထိုင်း-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအနီး UWSA အဖွဲ့ဆီမှာ ဖမ်းဆီးခံခဲ့ရတဲ့ မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ပုံသာဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေလို့ ယူဆရသူ ရှစ်ဦးကို ပစ်သတ်ဖမ်းဆီးခဲ့ပြီးတော့ (၁၀) ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ Mizzima နဲ့ RFA – Burmese သတင်းဌာနတို့ရဲ့ အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ 

ဒါအပြင့် minchioo ဆိုတဲ့ သတင်းရင်းမြစ်မှာလည်း စစ်တပ်ဝါဒဖြန့်သတင်းတွေနဲ့ PDF တွေကို တိုက်ခိုက်ထားတဲ့ သတင်းတွေကိုသာ အဆက်မပြတ်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

တခြားဖြစ်စဉ်များမှ ဓါတ်ပုံများကို ပြန်အသုံးပြုပြီးတော့ သတင်းတုဖြန့်ဝေတာတွေဟာ မကြာခဏဆိုသလို တွေ့ရပါတယ်။ ဒီလို မယုံကြည်ရတဲ့ သတင်းဓါတ်ပုံတွေတွေ့ရင် မိမိကိုယ်တိုင်လည်း Reverse Image Search မှာ အလွယ်တကူဝင်ရောက်စစ်ဆေးနိုင်ပါတယ်နော်။ တစုံတရာအခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်စစ်ဆေးနိုင်ပါတယ်။

%d bloggers like this: