Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အသံတိတ်သပိတ်ကို အားလျော့ရန် ကြေငြာချက်အတုများဖြင့် ရက်ရွှေ့ကြောင်း ထပ်မံဖြန့်ဝေနေ
နိုင်ငံရေး

အသံတိတ်သပိတ်ကို အားလျော့ရန် ကြေငြာချက်အတုများဖြင့် ရက်ရွှေ့ကြောင်း ထပ်မံဖြန့်ဝေနေ

ဖေ​ဖော်ဝါရီ၊ ၁ မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ်(Silent Strike) ကို ရက်​ရွှေ့လိုက်တယ်လို့ ပြည်​​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ(CRPH) နဲ့ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန က​နေ စာထုတ်ပြန်​တယ်ဆိုတဲ့ ​ကြေငြာချက်အတု ၂ စောင် ပြန့်နှံ့နေပါတယ်။ ဒီ​ကြေငြာချက်ကို စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ Kyaw Swar က​နေ စတင်ဖြန့်​ဝေလာတာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုပဲ အမျိုးသား​ရေးလှုပ်ရှားသူ မိုက်ကယ်​ကျော်မြင့်တို့ကစလို့ တခြားစစ်​ကောင်စီဝါဒဖြန့် ​ ​ဖေ့ဘွတ်ခ်အ​ကောင့်​တွေမှာလည်း ထပ်ဆင့်ကူးယူ​ဖော်ပြလာ​နေတာ​တွေကို ​တွေ့ရပါတယ်။ ​

ကြေငြာချက်ထဲမှာဆိုရင် အကြမ်းဖက်စစ်​ကောင်စီက​နေ သပိတ်မှာ ပါဝင်မယ့်ဆိုင်​တွေကို ဖမ်းဆီး​နေတာ​တွေ​ကြောင့် ရက်​ရွှေ့လိုက်ရပါတယ်လို့ ​ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးကြည့်ရာမှာတော့ CRPH ရဲ့ တရားဝင် ဖေ့ဘုတ်ပေ့ချ်မှာ တရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး။ ဒါ့အပြင် CRPH ရဲ့ ကြေငြာချက်တွေမှာ မေလ်းလိပ်စာ ကို ကြေငြာချက်ရဲ့ အလယ်တည့်တည့်မှာ ရေးလေ့ရှိပြီး ကြေငြာချက်အတုမှာကတော့ ဘေးဘက်မှာ ရေးသားထားပါတယ်။ မေလ်းလိပ်စာကလည်း မှားယွင်းနေပါသေးတယ်။ CRPH Page – https://www.facebook.com/crph.official.mm ဒီလိုပုံစံမျိုး ထုတ်ပြန်ချက် အတုလုပ်ပြီးထုတ်ပြန်တာ​တွေဟာ ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

ပြည်သူအားလုံး ပါဝင်ပြီး အောင်အောင်မြင်မြင်ပြီးစီးသွားခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်​နေ့ အသံတိတ်သပိတ်မတိုင်ခင်က ထွက်​ပေါ်ခဲ့တာပါ။ ဒီအ​ကြောင်းကို ​တွေးပြီးမှယုံကလည်း ပြန်ရှင်းထားခဲ့တာကို ​အောက်ကလင်ခ့်မှာ ကြည့်နိုင်ပါတယ်။ – https://www.facebook.com/598185483714847/posts/1806620389538011/ ဒီလို သတင်း​တွေဟာ အသံတိတ်သပိတ်ကို အထမ​မြောက်ဖို့နဲ့၊ အင်အား​လျော့နည်းသွား​အောင်လို့ ဖြန့်​ဝေ​နေခြင်းသာဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်ချက်​တွေ​တွေ့လာရင် သက်ဆိုင်ရာ အဖွဲ့အစည်းအ​တွေရဲ့ တရားဝင်စာမျက်နှာ​တွေနဲ့ တိုင်ဆိုင်စစ်​ဆေးနိုင်ပါတယ်။ ဒါအပြင် ​တွေးပြီးမှယုံ ရဲ့ Chat box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်​နော်။

%d bloggers like this: