Home>>တိုက်ပွဲ>>စစ်ကိုင်းတိုင်းမှာ ပျက်ကျသွားတဲ့ စစ်တပ်တိုက်​လေယာဥ် ပုံအလွဲပြန့်​နေ
တိုက်ပွဲ

စစ်ကိုင်းတိုင်းမှာ ပျက်ကျသွားတဲ့ စစ်တပ်တိုက်​လေယာဥ် ပုံအလွဲပြန့်​နေ

စစ်ကိုင်းတိုင်း၊ အုန်း​တောကျေးရွာ၊ ရေမျက်ကြီးအင်းထဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ပျက်ကျခဲ့ရာ ဓါတ်ပုံအလွဲ​တွေကို ပြန်သုံးပြီး သတင်းဖြန့်​ဝေတာ​တွေ ရှိ​နေပါတယ်။

အခုသတင်းမှာဆိုရင် ပျက်ကျထားတဲ့ ​လေယာဥ်ရဲ့အမြီးပိုင်းနံပါတ် ၁၆၄၈ ဆိုတဲ့ ပုံကိုတင်ထားပြီး စစ်ကိုင်းတိုင်း၊ အုံး​တောရွာ၊ ​ရေမြက်ကြီးအင်းအနီးပျက်ကျခဲ့တဲ့ စကစ တိုက်​လေယာဥ်လို့ ​ဖော်ပြ​နေပါတယ်။ Like & react ၁ ထောင်ကျော်ရရှိထားပြီး ပြန်လည်မျှဝေသူပေါင်း ၁၅၂ ယောက်ရှိနေပြီဖြစ်ပါတယ်။

ဒီဓါတ်ပုံအလွဲဟာ ၂၀၁၈၊ ဧပြီ၊ ၃ က တောင်ငူလေတပ် စခန်းဌာနချုပ်က လေ့ကျင့်ပျံသန်းနေတဲ့ ဖက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျတုန်းကပုံကို ယူသုံးထားတာဖြစ်ပါတယ်။ ​အောက်ကလင်ခ့်မှာသွားရောက် ကြည့်ရှုလို့ရပါတယ်။ ဒါ့ကြောင့် ပုံအလွဲသုံးပြီး သတင်းဖြန့်ထားကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

https://www.rfa.org/burmese/news/f7-crashes-04032018062437.html

ဖေ​ဖော်ဝါရီ၊ ၁၆ က စစ်ကိုင်းတိုင်း၊ အုန်း​တော​ကျေးရွာအနီးက ​ရေမြက်ကြီးအင်းထဲ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်​လေယာဥ်တစီး ပျက်ကျခဲ့ပြီး ​လေယာဥ်မှူး​သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့မီဒီယာ​တွေက​နေ​ဖော်ပြခဲ့သလို အာဏာသိမ်းစစ်တပ်က ​ဖော်ပြပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြမှုကို ဒီမှာသွားရောက်ဖတ်ရှုလို့ရပါတယ်။

https://www.facebook.com/121507374560090/posts/5415264775184297/?d=n https://www.facebook.com/422671591235160/posts/2094789720689997/?d=n https://www.facebook.com/166580710064489/posts/5036313366424508/?d=n

အခုလို ပုံအလွဲသုံးပြီး သတင်းဖြန့်ဝေမှုဟာ သတင်းမှန်ရဲ့ တန်ဖိုးကိုလျော့စေနိုင်ပြီး သတင်းမှန် စီးဆင်းမှုကိုလည်းနှေးကွေးစေနိုင်ပါတယ်။ ပုံတွေကို Google image search အသုံးပြုပြီး ရှာဖွေစစ်ဆေးနိုင်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: