Home>>တိုက်ပွဲ>>စစ်ဝတ်စုံတွေနဲ့ ရှေ့တန်းကိုရောက်နေတဲ့ ယူကရိန်းသမ္မတရဲ့ ပုံ​​တွေဟာ ပုံ​ဟောင်း​တွေသာ ဖြစ်​နေ
တိုက်ပွဲနိုင်ငံတကာနိုင်ငံရေး

စစ်ဝတ်စုံတွေနဲ့ ရှေ့တန်းကိုရောက်နေတဲ့ ယူကရိန်းသမ္မတရဲ့ ပုံ​​တွေဟာ ပုံ​ဟောင်း​တွေသာ ဖြစ်​နေ

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို အထူးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ရက်နေ့မှာပဲ ကြေညာလိုက်ပြီး တပြိုင်နက် ယူကရိန်းနိုင်ငံရဲ့ မြို့တော်တွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်ပြီး ဒုတိယနေ့မှာတော့ ယူကရိန်းသမ္မတ ဇဲလန်စကီက စစ်ဝတ်စုံအပြည့်အစုံနဲ့ ရှေ့တန်းစစ်မြေပြင် ရောက်ပြီဖြစ်ကြောင်း ဒီနေ့ ဖေဖော်ဝါရီ ၊ ၂၅ မှာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာပါတယ်။
ဒီသတင်းကို Nay Thway နာမည်နဲ့ အကောင့်ပိုင်ရှင်က တင်ထားခဲ့ပြီး “ယူကရိန်းသမ္မတရဲ့ စစ်ဝတ်စုံအပြည့်အစုံဝတ်ထားတဲ့ ပုံနဲ့အတူ ယူကရိန်းသမ္မတ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ မြင်တွေ့ရတဲ့ပုံဖြစ်ကြောင်း….”ရေးသားထားတာကိုတွေ့ရှိရပါတယ်။ သတင်းမှာ Like & react ပြုလုပ်သူ ၃၄၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေစစ်ဆေးကြည့်ရာမှာတော့ ယနေ့ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပြန့်နှံ့နေတဲ့ ယူကရိန်းသမ္မတစစ်ဝတ်စုံအပြည့်အစုံနဲ့ ဝတ်ထားတဲ့ပုံတွေဟာ အခုလက်ရှိပုံတွေ မဟုတ်ဘဲ ၂၀၂၁ ခုနှစ်ကပုံတွေပဲဖြစ်ပါတယ်။ ယူကရိန်းသမ္မတ ၂၀၂၁၊ ဧပြီလမှာ စစ်အခြေစိုက်စခန်းတွေကို သွားရောက်တုန်းက ပုံတွေပဲဖြစ်ပါတယ်။ ဒီသတင်းကို ယူကရိန်းသမ္မတရုံးရဲ့ တရားဝင်စာမျက်နှာမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
​နောက်ဆက်တွဲသတင်းအ​နေနဲ့ ​ဖော်ပြရရင် ယူကရိန်းသမ္မတဟာ မြို့​တော်က​နေ တဖဝါးမှ ခွာမှာမဟုတ်ဘူးလို့လည်း အခိုင်အမာ​ပြောဆိုထား​​ကြောင်း Mizzima သတင်းဌာနရဲ့ ​ရေး​သား​ဖော်ပြမှုမှာ ကြည့်နိုင်ပါတယ်။
ဒါ့ကြောင့် ယူကရိန်းသမ္မတ စစ်ဝတ်စုံအပြည့်အစုံနဲ့ ရှေ့တန်းကိုရောက်နေတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားသာဖြစ်ပါတယ်။ ယူသကရိန်းနိုင်ငံရဲ့ လတ်တလောအခြေအနေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ လုံခြုံရေးအရ ဘယ်မှာရောက်နေကြောင်း ဖော်ပြလို့ မရသေးပါဘူး။ ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့ ပြန့်နှံ့လာတဲ့ပုံတွေကို ချင့်ချိန်ယုံသင့်ပါတယ်။ ပုံတွေကိုလည်း Google image search နဲ့အလွယ်တကူသွားရောက်စစ်ဆေးနိုင်ပါတယ်။
သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: