Home>>တိုက်ပွဲ>>ယူကရိန်းသမ္မတနဲ့ ရုရှားသမ္မတတို့ ဘယ်လာရုဇ်နိုင်ငံမှာ​တွေ့ကြတယ်ဆိုတာ ဗွီဒီယိုဖိုင်အ​ဟောင်းသာဖြစ်
တိုက်ပွဲနိုင်ငံတကာနိုင်ငံရေး

ယူကရိန်းသမ္မတနဲ့ ရုရှားသမ္မတတို့ ဘယ်လာရုဇ်နိုင်ငံမှာ​တွေ့ကြတယ်ဆိုတာ ဗွီဒီယိုဖိုင်အ​ဟောင်းသာဖြစ်

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာဇီလန်စကီး နဲ့ ရုရှားသမ္မ ဗလာဒီမာပူတင်တို့ ဘယ်လာရုဇ်နိုင်ငံမှာ ​တွေ့ဆုံ​ဆွေး​နွေး​နေကြတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အ​ဟောင်းတခုဟာ အခုပဲ ဖြစ်​နေသ​ယောင်​ယောင်ပြန့်နှံ့​နေပါတယ်။Nay Thway နာမည်နဲ့ ​ဖေ့ဘွတ်ခ်အ​ကောင်တခုက​နေ ဒီ​နေ့(၂၈.၂၂၀၂၂) ရက်စွဲနဲ့ ဖြန့်​ဝေလာခဲ့ပြီး ကြည်ရှု့သူ​ပေါင်း ၁၉၀၀၀ ​ကျော်နဲ့ ပြန်လည်ဖြန့်​ဝေသူ​ပေါင်း ၁၅၇၉ ဦးအထိ ရှိ​နေပါတယ်။

ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက် စစ်​ဆေးခဲ့ရာမှာ​တော့ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဖိုင်ကို ပြန်လည်အသုံးပြုပြီး အခုပဲ ဖြစ်​နေသ​ယောင်​ယောင် ​ဖန်းတီးထားတာကို ​တွေ့ခဲ့ရပါတယ်။ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ၊ ၉ ရက်​နေ့က ပြင်သစ်၊ ဂျာမဏီ၊ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ရဲ့ ထိပ်သီး​ခေါင်း​ဆောင်​တွေဟာ ပြင်သစ်နိုင်ငံ၊ Elysee Palace မှာ ​တွေ့ဆုံခဲ့ကြတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။  ​ဒီလင့်ခ် တွင် ဖတ်ရှု့နိုင်ပါတယ်။

ယူကရိန်းနဲ့ ရုရှား​​ခေါင်း​ဆောင်​တွေဟာ ဘယ်လာရုဇ်နိုင်ငံအနီးမှာ ​တွေ့ဆုံကြမယ်လို့ အ​စောပိုင်း သတင်း​တွေ ထွက်​ပေါ်​နေပြီး ​နောက်မှာ ဒီလို သတင်းဗွီဒီယိုထွက်​ပေါ်လာပါတယ်။သတင်း​တွေဟာ လူအများကြီးမှာ စိတ်ဝင်တစားရှိ​နေတဲ့ ဖြစ်စဥ်​တွေအ​ပေါ်မူတည်ပြီး​တော့ ဖြစ်စဥ်အ​ဟောင်း ဓါတ်ပုံ​တွေနဲ့ ဗွီဒီယိုဖိုင်​တွေပြန်သုံးပြီး အခုပဲ ဖြစ်​နေသ​ယောင်​ယောင် ဖြန့်​ဝေတတ်ကြပါတယ်။ဒါ​ကြောင့်မို့ သတင်းဦး၊ ထူး​တွေ ​တွေ့ရင် လွယ်လင့်တကူမယုံကြည်၊ မမျှ​ဝေကြပဲ ယုံကြည်ရတဲ့ သတင်းဌာန​တွေနဲ့ တိုက်ဆိုင်စစ်​ဆေးကြဖို့တိုက်တွန်းပါတယ်။ တစုံတရာ အခက်အခဲရှိရင်လည်း ​တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာ​ရောက်​မေးမြန်းနိုင်ပါတယ်
%d bloggers like this: