Home>>ဆောင်းပါး>>သတင်းအတုတို့၏ သမိုင်းအကျဉ်းလမ်းညွှန် (အပိုင်း ၁)
ဆောင်းပါးပညာပေး

သတင်းအတုတို့၏ သမိုင်းအကျဉ်းလမ်းညွှန် (အပိုင်း ၁)

သတင်းအချက်အလက် အတုအယောင် ဖန်တီးမှုသည် အသစ်အဆန်းမဟုတ်ပါ။ Guardian သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် Natalie Nougagre’de ၏ လေ့လာတွေ့ရှိချက်အရ သတင်းမှား ဝါဒဖြန့်မှုများသည် ရှေးယခင်ကတည်း ကပင်ရှိခဲ့ပြီး ယခုမူ နည်းပညာ၏ အကူအညီဖြင့် ပိုမိုထိထိရောက်ရောက် ဝါဒဖြန့်မှုများ ပေါများလာရခြင်းဖြစ်ကြောင်းသိရသည်။ သို့ဖြစ်ရာ ၂၁ ရာစု သတင်းအချက်အလက်များ စည်းမဲ့ကမ်းမဲ့ ဖြစ်စေသည့် ဝိသေသ လက္ခဏာများကို စုံစမ်းစစ်ဆေးတင်ပြရာတွင် သမိုင်းအထောက်အထားများကိုပါ နားလည်အောင်လေ့လာရန် အလွန်အရေးကြီးပါသည်။

သတင်းအမှားများ သတင်းတုများနှင့် ဝါဒဖြန့်ချိမှုများသည် Antony နှင့် Cleopatra တို့ ဆက်သွယ်မှု ဝိသေသလက္ခဏာများပင်ဖြစ်သည်။ Octavian သည် Antony ၏ ဂုဏ်အသရေကို ညှိုးနွမ်းစေခဲ့သည်။ ရှေးဟောင်းဒင်္ဂါးများပေါ်တွင် တိုတိုနှင့်ထိမိသော စာသားများဖြင့် Antonio ကို မိန်းမလိုက်စားသူဟူ ၍လည်းကောင်း၊ မူးယစ်နေသူဟူ၍လည်းကောင်း ပုံဖော်ထားခဲ့ပြီး တနည်းအားဖြင့် Antonio သည် Cleopatra နှင့် ပတ်သက်ကျူးလွန်မှုများကြောင့် သူမ၏ ရုပ်သေးရုပ်သဖွယ်ဖြစ်နေကြောင်း သိသာစေခဲ့သည်။ Octavian သည် ပထမ ရောမအင်ပါယာ ဘုရင် Augustus ဖြစ်လာခဲ့ပြီး သတင်းအတုအယောင်များဖြင့် Octavian သည် သမ္မတစနစ်ကို တကြိမ်တည်းနှင့် အပြီးအပိုင် ဖျက်ဆီးပစ်ခဲ့သည်။

၁၄၉၃ ခုနှစ် Gutenberg ပုံနှိပ်စက်တီထွင်းခဲ့ခြင်းသည်လည်း သတင်းအမှားများ၊ သတင်းတုများ ပျံ့နှံ့ခြင်းကို အံ့အားသင့်ဖွင်များပြားလာစေသည့် အကြောင်းရင်းတရပ်ဖြစ်လာပြီး ၄င်းမှအရင်းခံ၍ ပထမသတင်းတု ပြန့်ပွားမှုလှိုင်းတခု ဖြစ်လာခဲ့သည်။ ယင်းလှိုင်းကို ၁၈၃၅ ခုနှစ်၏ လကမ္ဘာအကြောင်း သတင်းတုကြီးဟု သိခဲ့ရသည်။ New York Sun သတင်းစာမှလည်း လကမ္ဘာပေါ်၌ လူအနွယ်ဝင် လင်းနို့သတ္တဝါများ၊ အပြာရောင် မုတ်ဆိတ်ရှိမြင်းပုံများ စသည်တို့ရှာဖွေတွေ့ရှိကြောင်း ပုံနှင့်တကွ ဆောင်းပါး (၆) ပုဒ် ထုတ်ဝေခဲ့သည်။ ၄င်းနောက် ပဋိပက္ခများ၊ အဓိကရုဏ်းများ၊ အစိုးရစနစ် အပြောင်းအလဲများ၊ သဘာဝကပ်ဘေး အန္တရာယ်များ စသည်တို့သည် သတင်းတုဖြန့်ချိရာ၌ အဓိကထင်ရှားသည့် သတင်းအမျိုးအစားများဖြစ်သည်။

၂၀ ရာစုတွင် တဦးမှ အများသို့ ဆက်သွယ်နိုင်သည်နည်းလမ်းများဖြစ်သော ရေဒီယို၊ တီဗွီ (ရုပ်မြင်သံကြား) စသည်တို့ပေါ်ပေါက်လာရာမှ လှောင်ပြောင်သရော်သည့် သတင်းများပျံ့နှံ့လာခဲ့ပြီး သတင်းရရှိသူများ အနေဖြင့် အဟုတ်အမှန်ဟုထင်မြင် ယူဆသွားသည်မျိိုးလည်း ဖြစ်လေ့ရှိပါသည်။ ဖော်ပြခဲ့သည့် အတိုင်းပင် ၂၀ ရာစု နှောင်းပိုင်းကာလအရောက်တွင် အင်တာနက်ပေါ်လာခဲ့ပြီး ၂၁ ရာစုတွင် “လူမှုကွန်ရက်” ဆက်လက်ပေါ်လာခဲ့ရာမှ ၄င်းတို့သည် သတင်းအမှားများ၊ သတင်းတုများ၊ ဝါဒဖြန့်ချိရေးနှင့် လှိမ့်လုံးများကို ဆထက်တိုးစေသည့် တရားခံများပင်ဖြစ်လေတော့သည်။

သရော်လှောင်ပြောင်သည့် သတင်းများသည် မသိနားမည်သော လူမှုကွန်ရက်အသုံးပြုသူများ အကြားတွင် နားလည်မှုလွဲမှားစွာဖြင့် သတင်းအမှန်ကဲ့သို့ မျှဝေလာခဲ့ရာမှ သတင်းအမှားများနှင့် သတင်းတုများတို့သည် သုံးစွဲသူ အလွှာအမျိုးမျိုးအကြား ပျံ့နှံ့လာခဲ့သည်။
ကျွန်ုပ်တို့အခြေတည်ရာ ကမ္ဘာကြီးသည် ကွန်ပျူတာများဖြင့် ဝါဒဖြန့်ခြင်းများ၊ အစိုးရ အဖွဲ့အစည်းများမှ ထောက်ပံ့ပေးသော အကောင့်တုလုပ်သော နည်းပညာများအပြင် အသံဖိုင်အတုများ၊ ဗီဒီယိုဖိုင်အတုများ ပျံ့နှံ့ခြင်း စသည်တို့ဖြင့် ပြည့်နှက်နေပါသည်။

ယနေ့ခေတ်ကာလသည် ယုံကြည်မှုဝါဒများ အစွန်းနှစ်ဖက်ကွဲပြားသည့် ကာလဖြစ်ရုံမျှမက သတင်းဟူသည် သတင်းပင်။ ကိုယ့်အမြင်အတိုင်း ယူဆနေကြသည်ဖြစ်၍ သတင်းသမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အချက်အလက်များကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အချက်အလက်များ ထွင်၍လည်းကောင်း ရှိနေကြသည်။ ယင်းကဲ့သို့ တိုးတက်မှုများသည် သတင်းပညာရပ်အတွက် ခန့်မှန်းမရသော ခြိမ်းခြောက်စရာနှင့် ညစ်ညမ်းမှုများဖြစ်လာစေပြီး သတင်းအမှား၊ သတင်းတုများ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာခြင်းကြောင့် ဂယက်ရိုက်ခတ်မှုများရှိနေသည်။

ဤဘာသာရပ်ကို သတင်းထောက်များ၊ သတင်းထောက်သင်တန်းနည်းပြများနှင့် ပညာရှင်များမှ အသုံးပြုနိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး ၂၁ ရာစု သတင်းတုများ၊ ပြဿနာဖြစ်ခြင်းကို ခွဲခြမ်းစိတ်ဖြာရန် သမိုင်းအထောက်အထားများ သင်ခန်းစာများ လေ့လာနိုင်ပါသည်။ သင့်တော်သော လေ့လာချက်များ အသုံးပြုကာ သင်ရိုးဆွဲထားပြီး သတင်းအချက်အလက် မမှန်မကန်ခြင်းဖြစ်သော တိုက်ခိုက်သူလူတစုမှ သတင်းထောက်များကို အ‌နှောင့်အယှက်ဖြစ်စေမှုများ (ရွေးကောက်ပွဲနှင့် သံတမန်ရေးရာပြဿနာများကို ကြိုးကိုင်ချယ်လှယ်ခြင်း) စသည်တို့ ဖြစ်စေနိုင်သော အကြောင်းရင်များနှင့် အကျိုးရလာဒ်များကိုပါ လေ့လလာသူများကို သိရှိစေနိုင်အောင် ဒီဇိုင်းဆွဲထားသည်။ သတင်းဌာတခုသည် သတင်းတုများနှင့် သတင်းအမှားတင်ခဲ့ဖူးကြောင်း အစဉ်အလာရှိပါက ၄င်းသတင်းဌာနကို အမျိုးမျိုးသော အင်အားကြီးခေတ်ပြိုင် စံထားရလောက်သည့် တရားဝင်သတင်းဌာနများထဲမှ တရားဝင်သတင်းဌာနတခုအဖြစ် သတ်မှတ်နိုင်မည်မဟုတ်ပါ။ သတင်းအမှားများ၊ သတင်းတုများ လူမှုကွန်ရက်တွင် သိသိသာသာ ပျံ့နှံ့လွယ်ရခြင်းအကြောင်းနှင့် ဂျာနယ်ပညာရပ်အစစ်အမှန်နှင့် ပွင့်လင်းမြင်သာသော အဖွဲ့အစည်းများဖြင့် ပိုမိုစွန့်စားမှုရှိလာရသည်။ ယခုကာလသည် အစိုးရဌာနများမှ သတင်းထုတ်ပြန်ချက်များ ထိရောက်အရေးပါမှု၊ နိုင်ငံရေးလှုပ်ရှားသူများ၊ အနုပညာရှင်များနှင့် ဆက်သွယ်မှုရှိသော လူထုဆက်ဆံရေးကုမ္ပဏီများမှ သတင်းအလွဲသုံးစားပြုမှုများ ပါဝင်ခေတ်စားနေသော ကာလဖြစ်ပါသည်။

ယင်းအခြေအနေမှ သတင်အမှားများသည် လက်နက်ကိုင်စစ်ပွဲများကဲ့သို့ အန္တရာယ်ရှိပြီး သတင်းအမှားများသည် ယေဘုယျအားဖြင့် သတင်းအချက်အလက်ပတ်ဝန်းကျင်များ၏ အပြန်အလှန်ယုံကြည်ထားသော အဆိပ်အတောက်သတင်းများ ဖြစ်စေနိုင်ပြီး အလွန်ဆိုးရွားသော အခြေအနေများကို ဦးတည်နိုင်ပါသည်။ သတင်းအမှား လှုံ့ဆော်ရေးများပြုလုပ်သည့်အခါတွင် ရလဒ်သည် ပါဝင်သူများအတွက် အကြီးအကျယ်ထိခိုက်နစ်နာ စေနိုင်ပြီး ၄င်းတို့အပြင် အေဂျင်စီများနှင့် နိုင်ငံရေး အမှုသည်များကိုပါ ထိခိုက်နစ်နာစေပါသည်။

၁။ ၄၄ ဘီစီဝန်းကျင် – Mark Antony ကို မတရားစွပ်စွဲခဲ့သော လှုံ့ဆော်မှု
ဒင်္ဂါးပြားများပေါ်တွင် Antony ကို ဂုဏ်အသရေညှိုးနွမ်းစေသော ဆောင်ပုဒ်များ ပုံနှိပ်ဖြန့်ဝေ၍ Antony ၏ နာမည်ကို ထိခိုက်စေခဲ့သော Octavian ၏ ဝါဒဖြန့်မှုလှုံ့ဆော်ခြင်း။
၂။ ၁၄၅၀ ဘီစီဝန်းကျင် – Gutenberg ပုံနှိပ်စက် တီထွင်နိုင်ခဲ့ခြင်း
သတင်းများကို ဥရောပတခွင် ဖြန့်‌ဝေနိုင်သည့် အချိန်မှစ၍ သတင်းများကို တုလုပ်ဖန်တီးခြင်းကိစ္စရပ်များ သည်လည်း ပုံနှိပ်စက်၏ အကူအညီဖြင့် ပေါ်ထွန်းလာခဲ့သည်။
၃။ ၁၈၃၅ ခုနှစ် – လကမ္ဘာ၏ သတင်းအတုကြီး
နက္ခတ်ဗေဒပညာရှင် Sir John Herschel မှ လကမ္ဘာပေါ်တွင် သက်ရှိများရှာဖွေတွေ့ရှိခဲ့ခြင်းနှင့် ပတ်သက်သော ဆောင်းပါးခြောက်ပုဒ်ကို New York Sun မှ ထုတ်ဝေခဲ့သည်။
၄။ ၁၈၉၉ – ၁၉၀၂ (ဘိုးဝါးစစ်ပွဲ)
ဘိုးဝါးအယူအစွဲဝါဒကို ဝါဒဖြန့်မှုများသည် တောင်အာဖရိကတွင် ပဋိပက္ခများ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ဗြိတိသျှတပ်မတော်မှ ၄င်းကို လူသိများအောင် ဖန်တီးခဲ့ပြီး ရည်ရွယ်ချက်မှာ ဗြိတိသျှ အများပြည်သူတို့ ထင်မြင်ယူဆမှုများကို ကိုင်လှုပ်စေခဲ့ပြီး လူသိနည်းသောစစ်ပွဲကို ထောက်ခံပေးလာနိုင်ရန် ဖြစ်သည်။
၅။ ၁၉၁၄ – ၁၉၁၈ (ပထမကမ္ဘာစစ်)
ဝါဒဖြန့်ခြင်းသည် ပထမကမ္ဘာစစ်ကာလ၌ တပ်သားစုဆောင်ရာ၌ အလွန်အရေးပသည့် အခန်းကဏ္ဍအဖြစ် ရပ်တည်ခဲ့သည်။ လူတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို လှုံ့ဆော်စေသည့် စာသားများဖြစ်သော “သင်၏ နိုင်ငံတော်မှ သင့်အားလိုအပ်နေသည်”။ “အဖေ ကမ္ဘာ့စစ်ပွဲတုန်းက ဘာလုပ်ခဲ့သလဲ” စသည်တို့ဖြင့် ဆွဲဆောင်ခဲ့သည်။

#တွေးပြီးမှယုံမှ ဘာသာပြန်တင်ဆက်သည်။
%d bloggers like this: