Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဖိလစ်ပိုင်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းက ပုံအ​ဟောင်းကို ပြန်သုံးပြီး လပွတ်တ္တာ မြို့က ပုံလို့ ပြန်​ဖြန့်​နေ
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ဖိလစ်ပိုင်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းက ပုံအ​ဟောင်းကို ပြန်သုံးပြီး လပွတ်တ္တာ မြို့က ပုံလို့ ပြန်​ဖြန့်​နေ

၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ မုန်တိုင်း​ဒဏ်သင့် ပုံအ​ဟောင်းကို ပြန်သုံးပြီး​တော့ မြန်မာနိုင်ငံ၊ လပွတ္တာမြို့မှာ မုန်တိုင်းဝင်ပြီး အ​ခြေအ​နေဆိုတဲ့ သတင်းဓါတ်ပုံအမှားတခု ပြန့်နှံ့​နေပါတယ်။ ဒီသတင်းကို မတ်၊ ၂၃ မှာ “လပြည့် ချိုချို” နံမည်နဲ့ အ​ကောင့်တခုက​နေ ဖြန့်​ဝေထားတာ ​တွေ့ရပြီး ပြန်လည်မျှ​ဝေသူ​ပေါင်း ၄၅၇ ဦးအထိ ရှိ​နေပါတယ်။ ဒါအပြင် ဒီစာသားကိုပဲ ထပ်ဆင့် ကူးယူ​ဖော်ပြ​နေတဲ့သူ​တွေလည်း အများအပြားရှိ​နေပါတယ်။ “လပြည့် ချိုချို” နံမည်နဲ့ ဖြန့်​ဝေထားသူက​တော့ သူမ သတင်းတု ဖြန့်​ဝေခဲ့ထား​ကြောင်း ပြန်လည် ​ဖြေရှင်းခဲ့​သော်လည်း ထပ်ဆင့်ကူး​ယူ​ဖော်ပြသူ​တွေ ရှိ​နေသလို သတင်းကိုလည်း ဖြုတ်မချခဲ့တာ​ကြောင့် ဆက်လက် ပြန့်နှံ့​နေပါတယ်။

ဒီသတင်း ဓါတ်ပုံနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ ပုံ​တွေ ထပ်တူပြုစစ်​ဆေးတဲ့ Reverse Image Search ကို အသုံးပြုစစ်​ဆေးခဲ့ရာမှာ​တော့ နိုင်ငံရပ်ခြားက ဖြစ်စဥ်က ပုံ​တွေကို ပြန်သုံးပြီး သတင်းတု ဖြန့်​ဝေ​နေတာကို ​တွေ့ခဲ့ရပါတယ်။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ၊ ၁၂ မှာ ဖိလစ်ပိုင်နိုင်ငံ၊ Tacloban မြို့​တော်မှာ Super Typoon Haiyan မုန်တိုင်းဝင်​ရောက် တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်က ဓါတ်ပုံသာဖြစ်​​နေပါတယ်။ ​ဒီလင်ခ့် မှာ ကြည့်ရှု့ပါတယ်။

လပွတ္တာမြို့မှာ မုန်တိုင်းရိုက်ခတ်​နေတဲ့ လတ်တ​လော အ​ခြေအ​နေကို လပွတ္တာမြို့၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုအဖွဲ့ ရဲ့ Heart Laputta နံမည်နဲ့ ​ဖေ့ဘွတ်ခ်အ​ကောင့်မှာလည်း ဓါတ်ပုံ​တွေ မျှ​ဝေဝေ​ပေးထားပါတယ်။ (Link)

အပူပိုင်းမုန်တိုင်းငယ် ASANI ဟာ မတ်၊ ၂၂ ရက်​နေ့ကစလို့ မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်း​ပေါ်​ဒေသနဲ့ ရခိုင်ပြည်နယ် ဂွမြို့အနီးက​နေဖြစ်​ကျော်ခဲ့တာဖြစ်ပါတယ်။ သတင်းအမှား​တွေဟာ လတ်တ​လော လူအများ စိတ်ဝင်တစားရှိ​နေတဲ့ ကိစ္စရပ်​တွေ​ပေါ် မူတည်ပြီး​တော့ ပုံအ​ဟောင်း​တွေ၊ ဖြစ်စဥ်အလွဲ​တွေနဲ့ ပြန်လည် ဖြန့်​ဝေ​လေ့ရှိကြပါတယ်။အခုလို ​ခေတ်ကျပ်ထဲမှာဆိုရင် ပိုလို​တောင်များ​နေပါတယ်။ ဒါ​ကြောင့် ဒီလို လူစိတ်ဝင်စားမှုမြင့်တက်​နေတဲ့ သတင်းတွေနဲ့ ပတ်သက်ရင် လွတ်လင့်တကူ မယုံကြပဲ သတင်းမီဒီယာ​တွေက​နေ ဖြန့်​ဝေမှု​တွေကို ​စောင့်ကြည့် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ ဒါအပြင် ဒီလို သတင်းဓါတ်ပုံ​တွေကိုလည်း Reverse Image Search လို ​နေရာမှာ လွယ်လင့်တကူ ကိုယ်တိုင် စစ်​ဆေးနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust

%d bloggers like this: