Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ပုံအဟောင်းတွေနဲ့ ဗွီဒီယိုတွေကို ပြန်သုံးပြီး ယခုနှစ်သင်္ကြန် စည်ကားသယောင် ဖြန့်ဝေမှုတွေကို စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေနေရ
နိုင်ငံရေး

ပုံအဟောင်းတွေနဲ့ ဗွီဒီယိုတွေကို ပြန်သုံးပြီး ယခုနှစ်သင်္ကြန် စည်ကားသယောင် ဖြန့်ဝေမှုတွေကို စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ဝေနေရ

ပြည်သူအများစု ပူးပေါင်းပါဝင်တာမရှိပဲ ခြောက်ကပ်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ သင်္ကြန်ပွဲတွေ စည်ကားနေသယောင် ဖြန့်ဝေမှုတွေဟာ ဆက်တိုက် ပြန့်နှံ့လာနေပါတယ်။

အခုဆိုရင်လည်း Ny Lynn Oo နံမည်နဲ့ ဖေ့ဘွတ်ခ် အကောင့်တခုကနေ ပြီးတော့ (မနေ့) ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့ ညပိုင်းမှာ သင်္ကြန်ဆိုတဲ့ ဗွီဒီယိုဖိုင် တခုကိုဖြန့်ဝေခဲ့ပါတယ်။ ဖြန့်ဝေမှုမှာဆိုရင် “ဒါမနက်ခင်းပွဲနော် ပန်ဆယ်လို တော့သွားမပြနဲ့ အစိတောင်လွန်ရင်သေတတ်တယ် 😏”(မူရင်းအရေးအသား) ဆိုပြီး ဖော်ပြထားပါတယ်။ ဒီသတင်းကို လိုက်ခ် ပြုလုပ်သူ ၄၂၀၀ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၁၄၁ယောက်ရှိနေပြီဖြစ်ပါတယ်။ သတင်းရဲ့Commentမှာလည်း ဝင်ရောက်မှတ်ချက်ပြုသူများက နေရာကိုမေးတဲ့အခါမှာ တိတိကျကျဖော်ပြထားတာမျိုးမရှိဘဲ Private Hotel တခုခုမှာဖြစ်ကြောင်း ပြန်လည်ရေးသားထားတာတွေ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အခုနှစ်က ဗွီဒီယိုဖိုင် မဟုတ်ဘဲ အရင်နှစ် ၂၀၁၉, ခုနှစ်တုန်းက Thingyan Music Festival TMF က ဗွီဒီယိုဖိုင် အဟောင်းကို ပြန်ပြီးသုံးထားတာကို တွေ့ရှိရပါတယ်။ အခင်းအကျင်း စတိတ်စင်ချင်း တူညီနေတာကို အောက်ကလင့်ခ်က ဗွီဒီယိုဖိုင်မှာ ကြည့်ရှု့နိုင်ပါတယ်။ Link – https://fb.watch/cnzanjjxes/

မနေ့ကလည်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သင်္ကြန်ပွဲတွေ စည်ကားနေသယောင် ဖြန့်ဝေနေတာကို တွေးပြီးမှယုံကနေ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အောက်ကလင်ခ့်မှာ ကြည့်နိုင်ပါတယ်။ Link – https://www.facebook.com/598185483714847/posts/1897084427158273/?d=n

တော်လှန်ရေးအင်အားစုတွေကနေ အာဏာသိမ်းစစ်တပ်အောက်က သင်္ကြန်ပွဲမှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ဖို့ ကြေငြာချက်တွေ အသီးသီးထုတ်ပြန်ထားသလို မြန်မာနိုင်ငံတလွှားမှာလည်း ပြည်သူတွေဟာ တိတ်ဆိတ်ခြင်းသင်္ကြန် ဆိုကာ ရေကစားကြတာတွေ မရှိပါဘူး။ ဒီလိုအချိန်မှာပဲ အာဏာသိမ်းစစ်တပ်ကို ဝန်းရံသူတွေဟာ စစ်တပ်က ကျင်းပပေးတဲ့ သင်္ကြန်ပွဲတွေ စည်ကားနေသယောင်ယောင် သတင်းတုတွေနဲ့ ပုံဖော်နေကြတာ ဖြစ်ပါတယ်။ သတင်းဖတ်ရှုသူတွေအနေနဲ့လည်း ဘယ်နေ့၊ ဘယ်ရက်နဲ့ ဘယ်အချိန်တုန်းက ဘယ်နေရာမှာဖြစ်ခဲ့ကြောင်း စစ်ဆေးပြီး သတိထားဖတ်ရှုဖို့တိုက်တွန်းပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံရဲ့chat box သို့လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: