သူငယ်ချင်းတို့ရေ…..
ဒီတစ်ခါ တွေးပြီးမှယုံက မျှဝေချင်တာက ခုတလော အွန်လိုင်းပေါ်မှာ လူပြောသူပြော များနေတဲ့သတင်းကိစ္စပါ။
တရားခံ အဖြစ် သံသယရှိသူ ကားမောင်းသမားရဲ့ ထွက်ဆိုချက်ဆိုပြီးတော့ ပျံ့နှံ့လာတဲ့သတင်းနဲ့ အတူတူ အောင်ကြီးရဲ့ ပုံတွေလဲ ပျံ့နှံ့လာပါတယ်။ တကယ်တော့ ဒီပုံက အမှန်တကယ် အောင်ကြီးရဲ့ ပုံမဟုတ်ပဲ ဘယ်သူက စတင်ပြီး ဂျင်းထည့်လိုက်သလဲ မသိပါဘူး။ သတင်းလင့်တွေကတော့ တော်တော်လေး ပျံ့နှံ့နေပါပြီ။
သတင်းပုံကို ကားမောင်းသမားဆိုတိုင်း ကားမောင်းတဲ့ပုံကို ယူသုံးထားတာပါ။ ဒါဟာ ပုံယူသုံးတဲ့ Copy Right အပြင် ဂုဏ်သိက္ခာကျဆင်းစေမှုပါ မြောက်ပါတယ်။
ဓါတ်ပုံပိုင်ရှင်အနေနဲ့ကတော့ တရားပြန်ဆွဲဖို့မရှိသလို ဒီကိစ္စကို အေးဆေးလေးပဲ ဖြတ်ကျော်သွားဖို့ စဉ်းစားထားပုံရပါတယ်။
တစ်နိုင်ငံလုံး စိတ်ဝင်စားနေတဲ့သတင်းတွေကို လူပိုစိတ်ဝင်စားအောင် လုပ်ထားပြီး ကိုယ့် သတင်း Website, Page လူပိုကြည့်အောင်လုပ်ပြီး အမြတ်ယူတတ်တဲ့ ဂျင်းသမားတွေကိုလည်း တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ အနေနဲ့ သတိထားဖို့လိုပါမယ်နော်။